Connect with us

Hi, what are you looking for?

News

ဘင်္ဂလာပင်လယ်​အော်မှာရက်ပိုင်းအတွင်း ဖြစ်လာနိုင်တဲ့မုန်တိုင်း မြန်မာနိုင်ငံ​မြောက်ပိုင်းကိုပါ တိုက်ခတ်နိုင်တယ်လို့ အိန္ဒိယမိုး​လေဝသခန့်မှန်း

ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာချိန်မှာ ASANI လို့ အမည်တပ်မှာဖြစ်တဲ့ ဒီမုန်တိုင်းဟာ လတ်တလော ခန့်မှန်းချက်တွက်ချက်မှုတွေအရ တစ်ဆက်တည်းရှိနေတဲ့ ဘဂ်လားဒေ့ရှ့်ကမ်းရိုးတန်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း​ဒေသ​တွေကိုဗဟိုပြုရွေ့လျားနေတယ်လို့ရာသီဥတုဆိုင်ရာ လေ့လာနေသူတွေကပြောပါတယ်။

(ဘဂ်လားပင်လယ်​အော်တွင် ၂၀၀၆ ခုနှစ်တွင်ဖြစ်​ပေါ်ခဲ့​သော မာလာမုန်တိုင်း၏ ဂြိုလ်တုပုံရိပ်)

ဘဂ်လားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မတ်လ ၂၀ရက်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ့အား​ကောင်းပြီး​တော့ ဘဂ်လား​ဒေရှ်နိုင်ငံ နဲ့ ရခိုင်ကမ်းရိုးတန်းအပါအဝင် မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​တွေကို တိုက်ခတ်နိုင်တယ်လို့ အိန္ဒိယမိုး​လေဝသဌာကခန့်မှန်းတွက်ချက်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုလက်ရှိ ဖြစ်နေပြီး မတ်လ ၂၀ရက်မှာ လေဖိအားနည်းရပ်ဝန်းအား​ကောင်းရာက​နေ မုန်တိုင်းငယ်၊ မတ်လ ၂၁ရက်မှာ ဆိုင်ကလုန်း မုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာရင် ၂၀၂၂ မှာ ဘဂ်လားပင်လယ်​အော်မှာပထမဆုံးဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပါမယ်။မုန်တိုင်း​ကြောင့် ဘဂ်လား​ဒေရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ​မြောက်ပိုင်း​ဒေသ​တွေသက်​ရောက်မှု ရှိနိုင်ပြီး​တော့ မတ်လ ၂၂ ရက်မှာ မုန်တိုင်းဟာကမ်းရိုးတန်း​ဒေသ​တွေနဲ့ နီးကပ်လာနိုင်တယ်လို့ အိန္ဒိယမိုး​လေဝသဌာနကခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း ဖြစ်လာချိန်မှာ ASANI လို့ အမည်တပ်မှာဖြစ်တဲ့ ဒီမုန်တိုင်းဟာ လတ်တလော ခန့်မှန်းချက်တွက်ချက်မှုတွေအရ တစ်ဆက်တည်းရှိနေတဲ့ ဘဂ်လားဒေ့ရှ့်ကမ်းရိုးတန်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း​ဒေသ​တွေကိုဗဟိုပြုရွေ့လျားနေတယ်လို့ရာသီဥတုဆိုင်ရာ လေ့လာနေသူတွေကပြောပါတယ်။

“မုန်တိုင်းကတော့ သေချာပေါက်ဖြစ်နေပြီ။မြန်မာ့ကမ်းရိုးတန်ဘက်ကို လာနိူင်တာမို့ မိုးနဲ့လေ အားကောင်းမှာ။ မိုးရုတ်တရက်ကြီးရင် တောင်ကျရေဆင်းတာတွေ၊ မြစ်ဘေးနား သောင်ပြင်တွေမှာ နေသူတွေ ရေသတိထားဖို့လိုတယ်။ မတ်လ ၂၁ရက်ကစပြီးတော့ မြန်မာမှာ မိုးကောင်းမယ်”လို့ ကွန်ပြူတာနည်းပညာကို အသုံးပြုပြီး ရာသီဥတုဆိုင်ရာလေ့လာနေသူ နည်းပညာကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်တွေမှာ မိုးကောင်းနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ ကရင်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာလည်း မိုးတွေရွာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းရေးမော်ဒယ် ECMWF forecast model မှာ ဖော်ပြထားပါတယ်။

လေဖိအားနည်းရပ်ဝန်းဟာ မတ်လ (၁၉-၂၀)ရက်နေ့လောက်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ဆက်လက်၍လည်း မုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်တဲ့ အခြေအနေရှိပါတယ်။

မုန်တိုင်းဟာ မတ်လ ၂၃ရက်မှာ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကို ရောက်လာနိုင်ပြီး မြန်မာ့ကမ်းရိုးတန်းနဲ့အပြိုင်ရွေ့လျားမည့်သဘောဖြစ်လို့ မုန်တိုင်းအရှိန်ကို မြစ်၀ကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးခံစားရနိုင်တယ်လို့ မိုးဇလဌာနက အရာရှိတစ်ဦးက လူမှုကွန်ရက်ကတစ်ဆင့် သတိပေး ထားပါတယ်။

မုန်တိုင်းကြိုတင်ကာကွယ်ရေးအတွက် ကမ်းရိုးတန်းနေသူတွေကို နေရာရွှေ့ပြောင်းပေးနေတာတွေ၊ ပင်လယ်ပြင် ငါးဖမ်းလှေတွေကို ဘေးလွတ်ရာပို့ပေးတာတွေကို အိန္ဒိယနဲ့ဘဂ်လားဒေ့ရ်ုအစိုးရက ပြုလုပ်နေပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ မုန်တိုင်းနဲ့ မိုးလေဝသသတင်းတွေထုတ်ပြန်နေတာကလွဲလို့ မြေပြင်မှာ ထိရောက်တဲ့ ကြိုတင်ကာကွယ်တာမျိုးတွေ လုပ်တာမတွေ့ရသေးပါဘူးလို့ ရခိုင်ပြည်နယ်ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။