Connect with us

Hi, what are you looking for?

News

ကျိုက်မရော ချောင်းနှစ်ခွတံတားဂိတ်မှာ ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားပိတ်ထား

“ဒီမနက် ကြာအင်းဆိပ်ကြီးဘက်သွားမလို့ လမ်းတစ်ဝက်နဲ့ပြန်လာရတယ်။ ခုလမ်းပိတ်ထားတယ်။ မသွားခိုင်းဘူးလို့”လို့ ခရီးသွားလာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားဂိတ်စခန်းမှာ ဒီကနေ့မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တံတားဂိတ်မှာတာဝန်ကျနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ပြီးနောက် တံတားကိုပိတ်ထားလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မတ်လ ၁၉ ရက် မနက် ၆ နာရီခွဲအချိန်က ချောင်းနှစ်ခွတံတားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်ဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်သားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့တာပါ။

Public Service Announcement

အဲ့ဒီနောက် မနက် ၈ နာရီခွဲအချိန်ကလည်း ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွနဲ့ တောင်ကလေးကြားက လက်ပူကုန်းမှာ ထိတွေ့ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပြီး လှာကဇိုင်းကျေးရွာဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

“ဒီမနက် ကြာအင်းဆိပ်ကြီးဘက်သွားမလို့ လမ်းတစ်ဝက်နဲ့ပြန်လာရတယ်။ ခုလမ်းပိတ်ထားတယ်။ မသွားခိုင်းဘူးလို့”လို့ ခရီးသွားလာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေအနေနဲ့ ပြန်လည်ထွက်ခွာရုတ်သိမ်းပေးဖို့ တပ်မဟာ ၆ က စစ်ကောင်စီထံ အကြောင်းကြားစာပေးပို့ပြီးတဲ့နောက်ပိုင်း ကြာအင်းဆိပ်ကြီး ကော့ကရိတ် မြ၀တီဘက်တွေမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်နေပြီး မြို့အနီးအနားမှာ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့ထိခိုက်