Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောက်ဥက္ကလာပ အထက်တန်းပြဆရာမ အသတ်ခံရမှုမှာ ဖမ်းခံရတဲ့လူငယ် ၄ ဦး သေဒဏ်ချခံရ

လူငယ်၁၈ ဦးထဲမှာ ၁၁ ဦးကို ထောင်ဒဏ်တစ်သက် ချလိုက်တာဖြစ်ပြီး ၇ ဦးကိုတော့ သေဒဏ် ချလိုက်ပါတယ်။

ရန်ကုန်တိုင်း အတွင်းဖမ်းဆီးခံရတဲ့ လူငယ် ၁၈ ဦးကို စစ်ခုံရုံးဖွဲ့ပြီး မတ်လ ၁၇ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ အသီးသီး ချလိုက်တယ်လို့သိရပါတယ်။

ပြစ်ဒဏ်ချခံရတဲ့လူငယ်တွေဟာ လှိုင်သာယာ၊ ကြည်မြင့်တိုင်၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ မြို့နယ်တွေက ဖြစ်ပါတယ်။

လူငယ်၁၈ ဦးထဲမှာ ၁၁ ဦးကို ထောင်ဒဏ်တစ်သက် ချလိုက်တာဖြစ်ပြီး ၇ ဦးကိုတော့ သေဒဏ် ချလိုက်ပါတယ်။

ထောင်ဒဏ်တစ်သက်ချခံရတဲ့ လူငယ်တွေဟာ လှိုင်သာယာသောင်ကြီးရဲစခန်းကိုတိုက်ခိုက်တာ ၊အုပ်ချုပ်ရေးမှူးရုံးကိုမိုင်းခွဲတာ ၊လက်နက်ဝှက်ထားတာ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ သင်တန်းတက်တာ ၊တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်တာတွေ လုပ်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတာပါ။

Public Service Announcement

Public Service Announcement

သေဒဏ်ချလိုက်တဲ့ လူငယ် ၇ ဦးကတော့ လှိုင်သာယာနဲ့ မြောက်ဥက္ကလာ က လူငယ်တွေဖြစ်ပြီး ဒီထဲမှာ ၃ဦးက ရာအိမ်မှူးကိုသေနတ်နဲ့ပစ်သတ်တာ ၊ ကျန်တဲ့ ၄ ဦးကတော့မြောက်ဥက္ကလာပ အဝိုင်းမှာ အထက်တန်းပြဆရာမ ကိုသတ်ဖြတ်သူတွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲကာသေဒဏ်ချလိုက်တာဖြစ်ပါတယ်။

သေဒဏ်ချခံရသူတွေထဲမှာ အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီလက်အောက်ခံတပ်များထံမှ လက်နက်ငယ် (၁၀)လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို တစ်လက်နှင့် ဗုံးများ၊ ကျည်များ သိမ်းရခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံးတွင် လွိုင်ကော်တက္က သိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင် စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။

သတင်း

စစ်ဆင်ရေးကြောင့်စစ်ကောင်စီဘက်မှ ဒဏ်ရာရနိုင်သော်လည်း အတည်မပြုနိင်သေး‌ကြောင်း၊ မြို့နယ်ခမ်းမသို့ ဆေးရုံကားများ လာရောက်ခဲ့သည်ဟု မြေပြင်မှ သတင်းရကြောင်း ယင်းတာဝန်ရှိသူကပြောသည်။

သတင်း

လက်တလောတွင် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်းစီစစ်ကြောင်း နှစ်ခုထက်မနည်း စစ်ကြောင်းထိုးနေ သောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။