Connect with us

Hi, what are you looking for?

News

မြောက်ဥက္ကလာပ အထက်တန်းပြဆရာမ အသတ်ခံရမှုမှာ ဖမ်းခံရတဲ့လူငယ် ၄ ဦး သေဒဏ်ချခံရ

လူငယ်၁၈ ဦးထဲမှာ ၁၁ ဦးကို ထောင်ဒဏ်တစ်သက် ချလိုက်တာဖြစ်ပြီး ၇ ဦးကိုတော့ သေဒဏ် ချလိုက်ပါတယ်။

ရန်ကုန်တိုင်း အတွင်းဖမ်းဆီးခံရတဲ့ လူငယ် ၁၈ ဦးကို စစ်ခုံရုံးဖွဲ့ပြီး မတ်လ ၁၇ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေ အသီးသီး ချလိုက်တယ်လို့သိရပါတယ်။

ပြစ်ဒဏ်ချခံရတဲ့လူငယ်တွေဟာ လှိုင်သာယာ၊ ကြည်မြင့်တိုင်၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာ မြို့နယ်တွေက ဖြစ်ပါတယ်။

လူငယ်၁၈ ဦးထဲမှာ ၁၁ ဦးကို ထောင်ဒဏ်တစ်သက် ချလိုက်တာဖြစ်ပြီး ၇ ဦးကိုတော့ သေဒဏ် ချလိုက်ပါတယ်။

ထောင်ဒဏ်တစ်သက်ချခံရတဲ့ လူငယ်တွေဟာ လှိုင်သာယာသောင်ကြီးရဲစခန်းကိုတိုက်ခိုက်တာ ၊အုပ်ချုပ်ရေးမှူးရုံးကိုမိုင်းခွဲတာ ၊လက်နက်ဝှက်ထားတာ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထံမှာ သင်တန်းတက်တာ ၊တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ဆက်တာတွေ လုပ်တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတာပါ။

Public Service Announcement

Public Service Announcement

သေဒဏ်ချလိုက်တဲ့ လူငယ် ၇ ဦးကတော့ လှိုင်သာယာနဲ့ မြောက်ဥက္ကလာ က လူငယ်တွေဖြစ်ပြီး ဒီထဲမှာ ၃ဦးက ရာအိမ်မှူးကိုသေနတ်နဲ့ပစ်သတ်တာ ၊ ကျန်တဲ့ ၄ ဦးကတော့မြောက်ဥက္ကလာပ အဝိုင်းမှာ အထက်တန်းပြဆရာမ ကိုသတ်ဖြတ်သူတွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲကာသေဒဏ်ချလိုက်တာဖြစ်ပါတယ်။

သေဒဏ်ချခံရသူတွေထဲမှာ အမျိုးသမီးငယ်တစ်ဦးလည်းပါဝင်တာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

အခြေခံပညာကျောင်းတွေစဖွင့်တဲ့ ဒီနေ့(ဇွန်၁)မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတစ်ခုအနီးက ကုက္ကိုလ်ပင်ကို မိုးကြိုးပစ်ခဲ့လို့ အပင်အောက်မှာ မိုးခိုနေတဲ့ဆရာမနဲ့ ကျောင်းသား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲတွေ ကားနဲ့တိုက်သတ်ခံရပြီး နှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။