Connect with us

Hi, what are you looking for?

News

မြောက်ဒဂုံ(၃၂)ရပ်ကွက် အုပ်ကြီးရုံး ပစ်ခတ်ခံရ

ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ရန်၊မစူးစမ်းရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီရန်လည်း မြို့ပြပြောက်ကျားအဖွဲ့များက တိုက်တွန်းသည်။

(ယမန်နှစ်က မြောက်ဒဂုံမြို့နယ် (၃၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ခဲ့သည့် ပုံဟောင်းဖြစ်သည်။)

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၃၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ယနေ့(မတ်လ ၂၀ရက်)နံနက် ၄နာရီခန့်က ၄၀ မမ ဗုံးသီးအပါအဝင် သေနတ်ဖြင့် ၁၀ချက်ထက်မနည်း အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“မနက် ၄နာရီ ၁၀ မိနစ်လောက်မှာ ပေါက်တာ။ပြီးမှ ပစ်သံကြားရတာ။သေတာထိခိုက်တာတော့ မကြားရသေးဘူး။အခုထိ စခ ​တွေ ကားနှစ်စီးနဲ့ ရပ်ကွက်ထဲ ကို ကင်းပတ်နေတုန်း”ဟု (၃၂)ရပ်ကွက်နေသူ တစ်ဦးက ပြော သည်။

Public Service Announcement

ရန်ကုန်မြို့အတွင်း ပြောက်ကျားစစ်ဆင်ရေးများအရှိန်မြှင့်တော့မည်ဟု တော်လှန်ရေးအင်အားစု များက ကြေညာပြီးနောက် ရွှေပြည်သာမြို့နယ်ရှိ ရဲစခန်း၊ မြို့နယ်ခန်းမနှင့် လှိုင်သာယာမြို့နယ် သောင်ကြီး ရဲစခန်းတို့ကို ယခုရက်ပိုင်းအတွင်း တိုက်ခိုက်ထား သည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ရန်၊မစူးစမ်းရန်နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီရန်လည်း မြို့ပြပြောက်ကျားအဖွဲ့များက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပင်လုံလမ်းမပေါ်မှာရှိတဲ့ Snoopy Mobile ဆိုင်ရဲ့ကြော်ငြာဆိုင်းဘုတ်‌တွေ လဲကျခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။