Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီ၏ ခြိမ်း​ခြောက်စွပ်စွဲခံရပါက ခံဝန်​ရေးထိုးခြင်း၊​ ငွေ​ပေးခြင်းလုံးဝမပြုလုပ်ရန် အရာ​တော်မြို့နယ်​တော်လှန်​ရေးတပ်​ပေါင်းစု​မေတ္တာရပ်ခံ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်နေကြသည့် ကျေးရွာအများအပြားအား မကြာခဏဝင်ရောက်ကာ ပြည်သူများအားဖမ်းဆီးခြင်း၊ ပြည်သူ့ပစ္စည်းများအား ဖျက်ဆီးခြင်းများပြုလုပ်ပြီး ခြိမ်းခြောက်လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မတရားခြိမ်းခြောက်စွပ်စွဲမှုကို ခံရပါက ခံဝန်ရေးထိုးခြင်း၊ ငွေပေး၍ ညှိနှိုင်းခြင်း စသည့် လုပ်ရပ်များကို လုံးဝ (လုံးဝ) မပြုလုပ်ဘဲ ရှောင်ရှားကြပါရန် အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုက မေတ္တာရပ်ခံသည်။

အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုအကြမ်းဖက်စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကိုခံနေရသော အရာတော်မြို့နယ် ပြည်သူလူထုသို့ မေတ္တာရပ်ခံချက်တစ်ခု ယမန်နေ့ မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရေရှည်ဆင်နွှဲနေသောပြည်သူ့တော်လှန်စစ်ကြောင့်တဖြည်းဖြည်း အင်အားယိုင်နဲ့ လာသည့် အကြမ်းဖက်စစ်ကောင်စီက ဖက်ဆစ်တပ်တို့၏ ထုံးစံအတိုင်း ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားကို အကြောက်တရားဖြင့် အသက်သွင်းရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများတွင်လည်း ပြည်သူအချင်းချင်း အကြပ်ကိုင်၍ သွေးခွဲဖျက်ဆီးသော အကြောက်တရားဖြန့်ဝေနည်းများ ဖြစ်သည့် နာမည်စာရင်းဖြင့် နေအိမ်ထိ လိုက်လံမွှေနှောက်ခြင်းများ၊ တစ်ရွာလုံးနီးပါးကို အကြမ်းဖက်ဟု ခြိမ်းခြောက် စွပ်စွဲခြင်းများ ပြုလုပ်ကာ ပြည်သူလူထုကို ဒုက္ခပေးလျက်ရှိကြောင်း၊ ထိုသို့ စွပ်စွဲခြိမ်းခြောက်ခြင်းများ ကိုယ်တိုင်ကြုံလာရပါက အရာတော်မြို့နယ် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီယန္တရားကို အသိအမှတ်ပြုရာ ရောက်သည့်အပြင် ၎င်းတို့ကို တိုက်ရိုက်အကျိုးစီးပွား ဖြစ်ထွန်းစေမည့် စစ်ကောင်စီလက်အောက်ခံ ဌာန၊ ရုံး၊ ဂါတ်များသို့လူကိုယ်တိုင်သွား၍ ခံဝန်ရေးထိုးခြင်း၊ ငွေပေး၍ ညှိနှိုင်းခြင်းစသည့် လုပ်ရပ်များကို လုံးဝ (လုံးဝ) မပြုလုပ်ဘဲ ရှောင်ရှားကြပါရန် အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုက မေတ္တာ
ရပ်ခံထားသည်။

စစ်ကောင်စီနှင့် ညှိနှိုင်းရန် ပွဲစားလုပ်ပေးနေသည့် စစ်တပ်နှင့် ရဲ အဆက်အသွယ်များကိုလည်း သစ္စာဖောက်ဒလံဟု သတ်မှတ်၍ အရေးယူသွားမည် ဖြစ်ပြီး မိမိတို့ သဘောဆန္ဒဖြင့် စစ်ကောင်စီလက်အောက်ခံ ဌာန၊ ရုံး၊ ဂါတ်များ နှင့် သွားရောက်ပတ်သက်ညှိနှိုင်းမိသဖြင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲကိစ္စများကို တာဝန်ယူသွားမည် မဟုတ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုက အသိပေးကြေညာသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်နေကြသည့် ကျေးရွာအများအပြားအား မကြာခဏဝင်ရောက်ကာ ပြည်သူများအားဖမ်းဆီးခြင်း၊ ပြည်သူ့ပစ္စည်းများအား ဖျက်ဆီးခြင်းများပြုလုပ်ပြီး ခြိမ်းခြောက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဆီးရီးယားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ အမေရိကန်က ဖယ်ရှားပေးလိုက်ပါတယ်။

Facebook