Connect with us

Hi, what are you looking for?

News

နဂါးမင်းသမီး​ရေကန်အနီးတွင် စစ်​ကောင်စီတပ်ကို တမူးPDFနှင့် BSOပူး​ပေါင်တိုက်ခိုက်စစ်သား ၁၂ ဦးခန့်​သေ

အကြမ်းဖက်စစ်ကောင်စီတပ်မှ​သေဆုံးသူများတွင် အရာရှိ ၂ နှစ်ဦးပါဝင်သည်ဟု ​ဒေသတွင်းသတင်းအရင်းအမြစ်အချို့ကပြောသော်လည်း လူထုနွေဦးအနေဖြင့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(PDF တမူးနှင့် BSO တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-တမူး-PDF)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် မြန်မာ-အိန္ဒိယနယ်စပ်တွင်တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်နှင့် ဗမာ​ကျောင်းသားအဖွဲ့အစည်း (BSO)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၂ ဦးခန့်သေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များက​ပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်ရှိ နဂါးမင်းသမီးရေကန်ဘေးတွင် တပ်စွဲထားသည် အာဏာသိမ်းစစ်တပ်ကို ယနေ့ မနက်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်နှစ်ဖွဲ့ကသွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

“မင်းသမီးရေကန်နားမှာဖြစ်တာ။ နားရေးကားနဲ့ သုံးခေါက်လောက် လာသယ်သွားကြတယ်”ဟု တမူးဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ​သေဆုံးသူများတွင် အရာရှိ ၂ နှစ်ဦးပါဝင်သည်ဟု ​ဒေသတွင်းသတင်းအရင်းအမြစ်အချို့ကပြောသော်လည်း လူထုနွေဦးအနေဖြင့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် PDF( တမူး)နှင့်ဗမာကျောင်းသားအဖွဲ့(Burmese Student Organization-BSO)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ တစုံတရာထိခိုက်ကျဆုံးမူမရှိကြောင်း ဒေသခံများထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။