Connect with us

Hi, what are you looking for?

News

ချင်းအမျိုးသားတော်လှန်ရေးနေ့အခမ်းအနား CNF စခန်း၌ ပြုလုပ်

အဆိုပါ အခမ်းအနား၌ တူမီးဂုဏ်ပြုတပ်ဖွဲ့အပါအဝင် ဂုဏ်ပြုတပ်ဖွဲ့အသီးသီးက စစ်ကြောင်းချီတက်ကာ CNF အလံကို အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်းများပြုလုပ်ခဲ့သည်ဟု NUG၏ သတင်းနှင့်ပြန်ကြားရေး PVTVက ဖော်ပြထားသည်။

ဓာတ်ပုံ - Chinland Information Center

▪️NUGနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုယ်စားလှယ်များတက်​ရောက်

ချင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး(CNF) စခန်းတစ်နေရာ၌ ပြုလုပ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း Chinland Information Center က သတင်းထုတ်ပြန်သည်။

CNF ဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ကျင်းပသည့် ချင်းအမျိုးသားတော်လှန် ရေးနေ့ သို့ NUGက သဝဏ်လွှာပေးပို့ခဲ့ရာ စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားတပ်ဦး CNF သည် ပြည်သူနှင့်အတူ ရပ်တည်ပြီး အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိ၍ ကျေးဇူးတင် ဂုဏ်ယူကြောင်း ဖော်ပြခဲ့သည်။

ဓာတ်ပုံ – Chinland Information Center

၃၄နှစ်တာကာလအတွင်း CNFအား ခေါင်းဆောင်မှု ပေးခဲ့ကြသည့် အဆက်ဆက်သော ခေါင်းဆောင်များနှင့် CNF ဦးဆောင်မှု အောက်တွင် ကိုယ်ကျိုးစွန့် အသက်ပေး တာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်း အမျိုးသမီး၊ အမျိုးသား အားလုံးကို ဂုဏ်ယူစွာ ဦးညွတ် အလေးပြုကြောင်း NUGက သဝဏ်လွှာပေးပို့ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အခမ်းအနား၌ တူမီးဂုဏ်ပြုတပ်ဖွဲ့အပါအဝင် ဂုဏ်ပြုတပ်ဖွဲ့အသီးသီးက စစ်ကြောင်းချီတက်ကာ CNF အလံကို အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်းများပြုလုပ်ခဲ့သည်ဟု NUG၏ သတင်းနှင့်ပြန်ကြားရေး PVTVက ဖော်ပြထားသည်။

အခမ်းအနားတွင် CNF ဒုတိယဥက္ကဌ ဒေါက်တာရွှေခါးရ်နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်တို့က မိန့်ခွန်းများပြောကြားခဲ့ကြပြီး အမျိုးသားညီညွတ်ရေး အစိုးရအ ဖွဲ့၊ ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များက ပေးပို့သည့် သဝဏ်လွှာများကို သက်ဆိုင်ရာ ကိုယ်စားလှယ်များက ဖတ်ကြားခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။