Connect with us

Hi, what are you looking for?

LuduNwayOo

News

လူကယ်ပြန်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်ထောင်ဒဏ် ၂ နှစ်ချခံရ

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်ကို မတ် ၁၈ရက်တွင် အမိန့်ချလိုက်ခြင်းဟု ယင်းဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချလိုက်သည်။

လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်ကို မတ် ၁၈ရက်တွင် အမိန့်ချလိုက်ခြင်းဟု ယင်းဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ဒေါက်တာထွန်းဇော်ကို ၅၀၅ရော CDM တွေကို​ထောက်ပံ့တာရောနဲ့ အမှုစွဲထားတာ။ အခု ထောင်၂နှစ်ချလိုက်ပြီ”ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြော
သည်။

ဒေါက်တာထွန်းဇော်သည် ယခင်လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး(ယခု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး)နှင့် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ဌာနဆိုင်ရာလုပ်ငန်းများတွင် အတွဲညီခဲ့သူဖြစ်သည်။ စစ်တပ်ကနိုင်ငံတော် အာဏာသိမ်းပြီး ၁၅ရက်အကြာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ရက်တွင် ဒေါက်တာထွန်းဇော်ကို ဖမ်းဆီးခဲ့ပြီး ယခုအခါ အမိန့်ချခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန အောက်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာအပြင်လူမှု၀န်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ရှိသေးသည်။လူမှု၀န်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် တို့သည် အကြမ်းဖက်စစ်ကောင်စီခန့်ဝန်ကြီး ​ဒေါ်သက်သက်ခိုင်၏ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

သက်ဆင်ဟာ အသက်ရနေပြီ ဖြစ်သလို နာတာရှည် ရောဂါတွေကြောင့် အဆုတ်နဲ့ နှလုံးမှာ ထိခိုက်မှုတွေ ရှိထားတယ်လို့ အကျဉ်းထောင်ဖက်က ထုတ်ပြန်ပါတယ်။

သတင်း

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

သတင်း

မဝတ်ရည်အောင်သည် ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရသည့်အတွက် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ရှိလာပြီဖြစ်သည်။