Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်တွင်ဖမ်းဆီးခံရသော မြောင်းမြအမတ် ဦးဝေလင်းအောင် ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရ

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

(ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရသော ဦးဝေလင်းအောင်အား တွေ့ရစဥ်)
(ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရသော ဦးဝေလင်းအောင်အား တွေ့ရစဥ်)

ကရင်ပြည်နယ် လေးကေ့ကော်တွင် ဖမ်းဆီးခံရသော မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံလိုက်ကြောင်း သတင်းရရှိသည်။

ဒီရက်ထဲမှာပဲ အမိန့်ထပ်ချတာပါ။ အရင်ကလည်း ထောင်ဒဏ် ၂၆ နှစ် ချထားသေးတယ်။ အခုက ၁၂နှစ် ထပ်ချတာပါ” ဟု ဧရာဝတီတိုင်းအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဦးဝေလင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး မြောင်းမြမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ရွေးကောက်ခံခဲ့ရသည့် လူငယ်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် တိမ်းရှောင်နေစဉ် ၂၀၂၁ ဒီဇင်ဘာ ၁၄ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ဦးဝေလင်းအောင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ၊နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်တွင် မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၀ရက်တွင် မြောင်းမြအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊လေးကေ့ကော်မြို့သစ် အနောက်ဘက်ရှိ ရဲကုန်းအနီးမှာ ဒီကနေ့ (ဇူလိုင် ၂၁ရက်)ကတနေကုန်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ကသေဆုံး ဒဏ်ရာရသူ​တွေများပြီးစစ်​ကြောင်းအကြိမ်ကြိမ် လန်ကျ​နေတယ်လို့လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။