Connect with us

Hi, what are you looking for?

သတင်း

လေးကေ့ကော်တွင်ဖမ်းဆီးခံရသော မြောင်းမြအမတ် ဦးဝေလင်းအောင် ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရ

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

(ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရသော ဦးဝေလင်းအောင်အား တွေ့ရစဥ်)
(ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံရသော ဦးဝေလင်းအောင်အား တွေ့ရစဥ်)

ကရင်ပြည်နယ် လေးကေ့ကော်တွင် ဖမ်းဆီးခံရသော မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၂နှစ် ထပ်မံချမှတ်ခံလိုက်ကြောင်း သတင်းရရှိသည်။

ဒီရက်ထဲမှာပဲ အမိန့်ထပ်ချတာပါ။ အရင်ကလည်း ထောင်ဒဏ် ၂၆ နှစ် ချထားသေးတယ်။ အခုက ၁၂နှစ် ထပ်ချတာပါ” ဟု ဧရာဝတီတိုင်းအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက People’s Spring သို့ ပြောသည်။

ဦးဝေလင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ကိုယ်စားပြုပြီး မြောင်းမြမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ရွေးကောက်ခံခဲ့ရသည့် လူငယ်နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် တိမ်းရှောင်နေစဉ် ၂၀၂၁ ဒီဇင်ဘာ ၁၄ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

ဦးဝေလင်းအောင်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေ၊နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မတို့ဖြင့် ၂၀၂၂ နိုဝင်ဘာ ၂၈ ရက်တွင် မြဝတီခရိုင်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဘားအံအကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၀ရက်တွင် မြောင်းမြအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ယခုအခါ ပုဒ်မ ၅၀(ည)ဖြင့် ထပ်မံတရားစွဲပြီး မြောင်းမြခရိုင်တရားသူကြီးက ထောင်ဒဏ် ၁၂ နှစ်ထပ်မံချမှတ်ခြင်းဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရွေးကောက်ပွဲကို ပျက်စီးအောင် နှောင့်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ သုံးလတာအတွင်း အမျိုးသား၊​အမျိုးသမီး စုစုပေါင်း ၈၈ဦးကိုဖမ်းဆီးထားပါတယ်။

သတင်း

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်နားမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်​အောက်ခံ ခမရ(၂၀၉)တပ်ရင်း အထိနာပြီး ပြန်ဆုတ်ခွာရကာ အဲဒီတပ်ရင်းထံက ခဲယမ်းတွေအများအပြားသိမ်းရခဲ့တယ်လို့ မြေပြင်ရဲဘော်နဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လူငယ်တွေကို မှောင်ရိပ်ခိုတယ်ဆိုပြီး ဖမ်းဆီးကာ ခြိမ်းခြောက်ငွေတောင်းမှုတွေလုပ်နေတယ်လို့ မြို့ခံ​တွေက​ပြောတယ်။