Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းပြန်ရောက်လာတဲ့ နေ့မှာပဲ ထောင်ဒဏ် ၈ နှစ် ချခံခဲ့ရတဲ့ သက်ဆင်

သက်ဆင်ဟာ အသက်ရနေပြီ ဖြစ်သလို နာတာရှည် ရောဂါတွေကြောင့် အဆုတ်နဲ့ နှလုံးမှာ ထိခိုက်မှုတွေ ရှိထားတယ်လို့ အကျဉ်းထောင်ဖက်က ထုတ်ပြန်ပါတယ်။

ထိုင်းပြန်ရောက်လာတဲ့ နေ့မှာပဲ ထောင်ဒဏ် ၈ နှစ် ချခံခဲ့ရတဲ့ သက်ဆင်
ထိုင်းပြန်ရောက်လာတဲ့ နေ့မှာပဲ ထောင်ဒဏ် ၈ နှစ် ချခံခဲ့ရတဲ့ သက်ဆင်

ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ နေ့မှာပဲ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ၈ နှစ်ကြာ ထောင်ဒဏ်ကို စတင် ကျခံရကြောင်း သိရပါတယ်။

မျက်ကွယ်မှာ တရားရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ရှောင်ရှားဖို့ ၂၀၀၈ ခုနှစ် ကတည်းက ပြည်ပကို ထွက်ခွာသွားခဲ့တဲ့ သက်ဆင်ဟာ ဩဂုတ် ၂၂ ရက် မနက်ပိုင်းက ဘန်ကောက်မြို့မှာရှိတဲ့ ဒွန်မောင်း လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။ ထိုင်းရဲတပ်ဖွဲ့က သက်ဆင်ဟာ ထိုင်းကို ပြန်ရောက်တာနဲ့ ဖမ်းဆီးခံရပြီး ထောင်ထဲကို အပို့ခံရမှာ ဖြစ်တယ်လို့ ကြိုတင် ကြေညာထားပြီးသားပါ။

အသက် ၇၄ နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်ဟာ လေဆိပ်ရှေ့မှာ သူ့ကို လာရောက် စောင့်ကြိုနေသူတွေနဲ့ မီဒီယာတွေကို ခဏတဖြုတ် နှုတ်ဆက်ခဲ့ပေမယ့် စကားတော့ မပြောခဲ့ပါဘူး။ အဲဒီနောက် ရဲတွေက သက်ဆင်ကို လေဆိပ်ကနေ တရားရုံးချုပ်ဆီ ခြံရံ ခေါ်ဆောင်သွားပြီး အဲဒီမှာ စီရင်ချက် ချမှတ်ရေး ကိစ္စကို တရားဝင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် သက်ဆင်ဟာ ဘန်ကောက်မှာရှိတဲ့ ရာမန် အကျဉ်းထောင်ကြီးဆီ ဆက်လက် သွားရောက်ခဲ့ပါတယ်။

ထိုင်းအကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေက သက်ဆင်ကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တဲ့ ရလဒ်အရ အကျဉ်းခန်းထဲမှာ နေထိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်မှု မရှိသေးတဲ့အတွက် နောက်ထပ် ၁၀ ရက်ထက်မနည်း အကျဉ်းထောင်ရဲ့ ကုသဆောင်မှာပဲ နေထိုင်ရမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

သက်ဆင်ဟာ အသက်ရနေပြီ ဖြစ်သလို နာတာရှည် ရောဂါတွေကြောင့် အဆုတ်နဲ့ နှလုံးမှာ ထိခိုက်မှုတွေ ရှိထားတယ်လို့ အကျဉ်းထောင်ဖက်က ထုတ်ပြန်ပါတယ်။

သက်ဆင်ဟာ သူနောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဖျူထိုင်းပါတီ (PTP)က ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ ပူးပေါင်းပြီး ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့အတွက် ထိုင်းဝန်ကြီးချုပ်သစ် တစ်ဦးကို တင်မြှောက်မယ့် နေ့မှာပဲ ဘန်ကောက်ကို ပြန်လာခဲ့တာ ဖြစ်ပါတယ်။

PTPဟာ ကွန်ဆာဗေးတစ်တွေနဲ့ ညှိနှိုင်းရာမှာ သက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတွက် ထည့်သွင်း ဆွေးနွေးခဲ့သလား ဆိုတာကိုတော့ မသိရသေးပါဘူး။ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်း ဖယ်ရှားမှုကို ခံခဲ့ရပြီး တရားရုံးမှာ ရာဇဝတ်ကြောင်း စွဲချက်တချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သက်ဆင်ကတော့ သူဟာ ဘယ်လို အပြစ်မျိုးမှ မကျူးလွန်ခဲ့ဘူးလို့ ငြင်းဆိုပြီး စွဲချက်အားလုံးဟာ နိုင်ငံရေးအရ ထိုးနှက်မှုတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သက်ဆင်ဟာ ပြည်ပကို ရောက်ရှိနေချိန် ၁၅ နှစ်အတွင်း ထိုင်းကို ပြန်လာချင်ကြောင်း မကြာခဏ ပြောဆိုခဲ့ဖူးပေမယ့် အခုမှသာ လက်တွေ့ အထမြောက်လာတာ ဖြစ်ပါတယ်။ သူ့မိသားစုကတော့ သက်ဆင်ရဲ့ အပြန်ခရီးကို ကြိုဆိုသူတွေကို ကျေးဇူးတင်စကား ပြောကြားခဲ့ပေမယ့် သက်ဆင် အကျဉ်းချခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှ မှတ်ချက်မပေးသေးဘဲ နှုတ်ဆိတ်နေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့နုတ်ထွက်မှုဟာ ဒုတိယ ဝန်ကြီးချုပ် ရာထူးအတွက် တခြားတစ်ဦးကို ခန့်အပ်နိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...