Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တောင်ပိုင်းမှာ ဒီမနက် စစ်ရေးပိုပြင်းထန်နေ

ဒီကနေ့ မတ်လ ၂၁ ရက် မနက် ၇ နာရီကျော်အချိန်က ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေမှာ လက်နက်ကြီးလက်နက်ငယ်သံတွေ ထပ်မံကြားနေရပြီး စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဒီကနေ့ မနက်ပိုင်းမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ

ကော့ကရိတ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေပိုမိုပြင်းထန်နေပြီး ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းတပ်တွေက စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး နယ်မြေခံ KNLA တပ်မဟာ ၆ နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ထိတွေ့တိုက်ပွဲတွေဟာ အံဖကြီး အံဖလေးနဲ့ ဖန်ခါးကုန်းရွာတွေကြားမှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

Public Service Announcement

“စပြီး အလုံးသေးရော အလုံးကြီးရော ထုနေပြီး”လို့ ကော့ကရိတ်တောင်ပိုင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ မတ်လ ၂၁ ရက် မနက် ၇ နာရီကျော်အချိန်က ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေမှာ လက်နက်ကြီးလက်နက်ငယ်သံတွေ ထပ်မံကြားနေရပြီး စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး ထွက်ခွာကြဖို့နဲ့ မြို့ခံဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီလက်အောက်ကနေ တာဝန်ထမ်းဆောင်နေခြင်းကနေ နှုတ်ထွက်ကြဖို့ လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ကေအဲန်ယူ ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီက ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က စာထုတ်ပြန်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook