Connect with us

Hi, what are you looking for?

News

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို ထောင် ၂ နှစ်ချ

စစ်တပ်အာဏာသိမ်းတဲ့နောက် ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တာပါ။

အင်းစိန်ထောင်မှာ တစ်နှစ်ကျော်ကြာဖမ်းဆီးထားတဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို ဒီနေ့ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်ပါတယ်။

ချုပ်ရက်ခံစားခွင့်ပြုတယ်လို့ မိသားစုဝင်တွေက ဖေ့ဘွတ်ခ်ကနေအသိပေးထားကြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့နောက် ပြီးခဲ့တဲ့နှစ် မတ်လ အတွင်း ပြည်တွင်းမီဒီယာ တစ်ခုဖြစ်တဲ့ ရန်ကုန်မြို့က ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တာပါ။

အဲဒီနောက်ကမာရွတ်မီဒီယာ တည်ထောင်သူ အမေရိကန် နိုင်ငံသားဦးနေသန်မောင်နဲ့ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းတို့ကို ဖမ်းဆီးသွားပါတယ်။

Public Service Announcement

Public Service Announcement

ဦးနေသန်မောင်ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်ပြီးနောက် ဦးနေသန်မောင်ရဲ့ပြောပြချက်အရ သူတို့နှစ်ဦးကို စစ်ကြောရေးခေါ်ဆောင်သွားပြီး ညှဉ်းပမ်းတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

အတွေးအမြင်

၁၉၃၀ ခုနှစ်တွေဟာကမ္ဘာ့နိုင်ငံရေးကိုတိမ်ညိုတိမ်မဲတွေလွှမ်းခြုံလာတဲ့အချိန်ပါ။ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့နာဇီ နဲ့ ဖက်ဆစ်ဝါဒတွေခေါင်းထောင်လာတဲ့အချိန်ပေါ့။

နိုင်ငံတကာ

ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဝန်ထမ်းအင်အား ၂၀၀၀ လောက်ကို လျှော့ချထုတ်ပယ်ရဖွယ် ရှိနေကြောင်း ဗြိတိန် မီဒီယာ လုပ်ငန်းစုကြီး BBCက အတည်ပြုခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက အသစ်ဖွင့်ထားတဲ့ ဝါဒဖြန့် မီဒီယာတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။