Connect with us

Hi, what are you looking for?

News

မှတ်ပုံတင်ပြနိုင်မှ ပြည်တွင်းလေကြောင်းလိုင်းတွေ စီးနင်းခွင့်ပြုမယ်လို့ စစ်ကောင်စီတင်းကြပ်

အရင်ကတော့ မှတ်ပုံတင်မပြနိုင်ရင် ထောက်ခံစာ ၊ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင် ၊ပတ်စ်ပို့ ပြပြီး ခရီးသွားလာခွင့်ရခဲ့တယ်လို့သိရပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ခရီးသွားတဲ့ ပြည်သူတွေအနေနဲ့ မှတ်ပုံတင်ပြနိုင်မှသာ လေယာဉ်စီးခွင့်ပြုမယ်လို့စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

လာမယ့်ဧပြီလ ၁ ရက်စပြီး မှတ်ပုံတင်မပြနိုင်ရင် လိုက်ပါစီးနင်းခွင့်ပြုမှာမဟုတ်တဲ့အကြောင်းစစ်ကောင်စီ လဝက ရဲ့ထုတ်ပြန်ချက် ကိုကိုးကားပြီလေကြောင်းလိုင်းတွေက အသိပေးထားတာတွေ့ရပါတယ်။

အရင်ကတော့ မှတ်ပုံတင်မပြနိုင်ရင် ထောက်ခံစာ ၊ကျောင်းသားကတ် ၊ ယာဉ်မောင်းလိုင်စင် ၊ပတ်စ်ပို့ ပြပြီး ခရီးသွားလာခွင့်ရခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ဧပြီလ ၁ ရက် ကစပြီး မှတ်ပုံတင်ပြနိုင်မှ ပြည်တွင်းလေကြောင်းလိုင်းတွေ နဲ့ သွားလာခွင့်ပြုဖို့စစ်ကောင်စီက တင်းကြပ်လိုက်တာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူအချို့က စစ်ကောင်စီရဲ့ လုပ်နည်းလုပ်ဟန်အပေါ် မေးခွန်းထုတ်

သတင်း

မကွေးမြို့က စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ပေါက်မြို့နယ်က မှတ်ပုံတင်လာလုပ်သူတွေ ကျပ်သိန်းဆယ်ချီပေးပြီး ခက်ခက်ခဲခဲလုပ်ယူ​နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

Facebook