Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့၍ တစ်ပတ်အတွင်း ပြည်သူလူထုနေအိမ် ၅၀၀ခန့် မီးလောင်ပျက်စီး

အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၇,၇၀၀ကျော်အနက် အိမ်ခြေ ၄,၈၀၀ ကျော်မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဖြစ်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၁,၁၀၀ ကျော်၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁,၁၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု စာရင်း၌ ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများ မီးရှို့၍ တစ်ပတ်အတွင်း ပြည်သူ လူထုနေအိမ် ၅၀၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံအဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၇,၇၀၀ ကျော်ရှိခဲ့ဟု Data for Myanmar က ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ မတ်လ ၂၂ ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့ရာ နေရာပေါင်း ၂၁၂နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၇,၇၂၉လုံး ပျက်စီးခဲ့ကြောင်းဖော်ပြထားသည်။ ပြီးခဲ့သည့် မတ်လ ၁၆ရက်အထိ စာရင်းများအရ စစ်ကောင်စီတပ် မီးရှို့သည့် လူထုနေအိမ် ၇,၂၄၈ လုံးရှိရာ တစ်ပတ်တာကာလအတွင်း နေအိမ် ၄၈၁လုံးကို စစ်ကောင်စီတပ် ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါအချက်အလက်များကို သတင်းမီဒီယာများ၌ ဖော်ပြသည့် တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့ခံရသည့် သတင်းများကို ဖြစ်စဉ်အလိုက် ပြန်လည် စိစစ်ရေတွက်ထားခြင်းဖြစ်သကဲ့သို့ဒေသခံ လူ့အခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင် ကူညီရေးအဖွဲ့များမှ ထုတ်ပြန်သည့် စာရင်များကိုလည်း အခြေခံထားကြောင်း၊ မပြည့်စုံသည့် အချက်အလက်များကိုချန်ထားခဲ့၍ မြေပြင်၌မီးရှို့ခံရသည့်အရေအတွက်ပိုများနိုင်ဟု Data for Myanmar ကဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ခြေ ၇,၇၀၀ကျော်အနက် အိမ်ခြေ ၄,၈၀၀ ကျော်မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဖြစ်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၁,၁၀၀ ကျော်၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁,၁၀၀ ကျော် ပျက်စီးခဲ့ရသည်ဟု စာရင်း၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ရွာလုံးကျွတ်မီးရှို့မှုများ ပြည်သူလူထုများကို ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေပြီး အရပ်သားပြည်သူလူထုများကို ပို၍ ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။