Connect with us

Hi, what are you looking for?

News

NUG ဝန်ကြီးသုံးဦးနှင့် ဩစတြေးလျလွှတ်တော်ရေးရာကော်မတီဝင်များ မြန်မာ့အရေးဆွေးနွေး

ဩစတြေးလျ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ ​Dave Sharma ၊ ဒုတိယဥက္ကဌ Julian Mill နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

▪️အထူးအကျိုးရှိသည့် အစည်းအဝေးတစ်ခုအဖြစ် NUG မှတ်တမ်းတင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးသုံးဦးသည် ဩစတြေးလျလွှတ်တော် နိုင်ငံခြား ရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းကော်မတီဝင်များနှင့် မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးကို ‘အထူးအကျိုးရှိသည့်အစည်း အဝေးတစ်ခု’ အဖြစ် NUGက မှတ်တမ်းတင် ခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးသည်။

အစည်းအဝေးသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဩစတြေးလျ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ ​Dave Sharma ၊ ဒုတိယဥက္ကဌ Julian Mill နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။