▪️အထူးအကျိုးရှိသည့် အစည်းအဝေးတစ်ခုအဖြစ် NUG မှတ်တမ်းတင်
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးသုံးဦးသည် ဩစတြေးလျလွှတ်တော် နိုင်ငံခြား ရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းကော်မတီဝင်များနှင့် မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးကို ‘အထူးအကျိုးရှိသည့်အစည်း အဝေးတစ်ခု’ အဖြစ် NUGက မှတ်တမ်းတင် ခဲ့သည်ဟု အစည်းအဝေးတက်ရောက်သူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးသည်။
အစည်းအဝေးသို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့ တက်ရောက်ခဲ့သည်။

Public Service Announcement
ဩစတြေးလျ နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ Dave Sharma ၊ ဒုတိယဥက္ကဌ Julian Mill နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
