Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU နှင့်ပူးပေါင်းပြီး စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် တပ်မှူးသုံးဦးကို DKBAထုတ်ပယ်

DKBA စစ်ဌာနချုပ် တာဝန်ရှိသူက “မော်ခီးစခန်း မဖြစ်ခင်ကတည်းက သွားထားတာ သူတို့က” ဟု DKBA တပ်မှူးများ KNUနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အခြေအနေကို ပြောပြသည်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) မှ တပ်မှူးသုံးဦးကိုအဖွဲ့မှ အပြီးအပိုင် ထုတ်ပယ် လိုက်ကြောင်း DKBA စစ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“မှန်တယ် သုံးယောက်ဆိုတာ”ဟု DKBA အရာရှိက ပြောကြားသည်။

DKBAမှ ဒုဗိုလ်မှူးကြီး စောဖူးခလဲ့(ခ) စောနော်ခူး၊ ဒုဗိုလ်မှူးကြီး စောဝေကလယ်မူး၊ ဗိုလ်မှူး စောကော်အဲ့ဒို တို့သည် အဖွဲ့အစည်းမှ ပေးအပ်သော တာဝန်ထက်ကျော်လွန် လုပ်ဆောင် လျက် စစ်စည်းကမ်းကို ချိုးဖောက်သောကြောင့် အမိန့်ပြန်တမ်းစာထုတ်ပြန်သည့်နေ့(မတ်လ ၂၄ရက်)မှစ၍ တပ်ဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်လိုက်သည်ဟု DKBAက ထုတ်ပြန်သည်။

မတ်လ ၂၁ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ KNLA/KNDO တပ်ဖွဲ့များနှင့် DKBA တပ်ဖွဲ့တို့ ပူးပေါင်း၍ မြ၀တီခရိုင် ဝေါ်လေဒေသရှိ စစ်ကောင်စီတပ်၏ မော်ခီးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခု DKBAက ထုတ်ပယ်ခဲ့သည့် တပ်မှူး ၃ဦးအနက် DKBA (၉၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖူးခလဲ့(ခ) စောနော်ခူးသည် မော်ခီးစခန်း တိုက်ခိုက်သိမ်းပိုက်ရာ၌ KNLA တပ်ဖွဲ့နှင့်အတူ ပူးပေါင်း ပါဝင်ခဲ့ကြောင်း ကရင်သတင်းဌာန KIC က ဖော်ပြသည်။

DKBA စစ်ဌာနချုပ် တာဝန်ရှိသူက “မော်ခီးစခန်း မဖြစ်ခင်ကတည်းက သွားထားတာ သူတို့က” ဟု DKBA တပ်မှူးများ KNUနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အခြေအနေကို ပြောပြသည်။

ကရင်တိုင်းရင်းသားတစ်ဦးက DKBA အနေဖြင့် ၎င်းတို့ တပ်မှူးသုံးဦးကို ထုတ်ပယ် လိုက်ခြင်း သည် စစ်ကောင်စီတပ်နှင့် ပြဿနာမဖြစ်လို၍ဟု တွက်ဆ၍ရကြောင်း ပြောသည်။

“သူတို့ကတော့ လက်ရှိ မြန်မာစစ်တပ်နဲ့ သူတို့က ပြဿနာမဖြစ်ချင်လို့ သူတို့လူတွေ သူတို့ ထုတ်ပယ်လိုက်တယ်။ အဲဒါပဲပေါ့။”ဟု ၎င်းက ဆိုသည်။

KIC သတင်းဌာန၏ ဖော်ပြချက်တွင် စစ်ကောင်စီတပ်၏ မြ၀တီရှေ့တန်းရုံး ခလရ (၂၇၅) တပ်ရင်းမှူးက မြ၀တီရှိ DKBA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံရာ၌ DKBA အနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ရန်၊ စစ်ကောင်စီနှင့် ပူးပေါင်းရန်၊ အကယ်၍ မပူးပေါင်းပါက အဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် တပ်စခန်းများကို အာမခံချက် မပေးကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ပါရှိသည်။

DKBAသည် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်ကာ ယခင်စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သကဲ့သို့ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ယခု စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ထိတွေ့ ဆက်ဆံမှုဆက်ရှိနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။