Connect with us

Hi, what are you looking for?

News

တပ်မဟာ(၅)နယ်မြေတွင် ယမန်နှစ် မတ်လ ၂၇ရက်ကဗုံးကြဲခဲ့သည့်ကျေးရွာ အချို့ကို စစ်ကောင်စီတပ် ယနေ့ ထပ်မံဗုံးကြဲ

အဆိုပါ ကျေးရွာနှစ်ခုသို့ ဗုံးတစ်လုံးစီလာရောက်ကြဲချခဲ့ရာ လူသူမဲ့အိမ်အချို့ ထိခိုက်ပျက်စီး သွားကြောင်းသာသိရှိရပြီး ထိခိုက်ပျက်စီးမှုသတင်းအတိအကျ ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ အတွင်းရှိ ကျေးရွာအချို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့ ထပ်မံ၍ လေကြောင်းမှဗုံးကြဲတိုက်ခိုက်လာကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို စိစစ်နေဆဲဖြစ် သည်ဟု ဖော်ပြသည်။

ယနေ့(မတ်လ ၂၇ရက်)နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲ လေယာဉ် ၂စီးသည် မူတြော်(ဖာပွန်)ခရိုင် လူသောမြို့နယ် ဒေဘုနိုရွာနှင့် ထီးလေးကွီးကျေးရွာအတွင်းသို့ ဗုံးကြဲသွား သည်ဟု ဆိုသည်။

အဆိုပါ ကျေးရွာနှစ်ခုသို့ ဗုံးတစ်လုံးစီလာရောက်ကြဲချခဲ့ရာ လူသူမဲ့အိမ်အချို့ ထိခိုက်ပျက်စီး သွားကြောင်းသာသိရှိရပြီး ထိခိုက်ပျက်စီးမှုသတင်းအတိအကျ ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတိုက်လေယဉ်ဖြင့် ဗုံးများလာရောက်ကြဲချသည့် ရွာများသည် ယမန်နှစ် မတ်လ၂၇ရက်တွင်ကျရောက်သည့် စစ်ကောင်စီ၏ တပ်မတော်နေ့တွင် ပထမဆုံး လာရောက် ဗုံးကြဲချသည့် ရွာများဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို