Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီကျင်းပမည့် သင်္ကြန်ပွဲတော် ဆင်နွှဲခြင်းမပြုကြရန် မြို့ပြ​ပြောက်ကျားအဖွဲ့များ တိုက်တွန်း

Generation Z Defence Force အဖွဲ့တာဝန်ခံကလည်း “သင်္ကြန်ရက် ဘယ်မှမထွက်ပဲ အိမ်ထဲနေကြတာအကောင်းဆုံးပဲလို့ပြည်သူတွေကိုပြောချင်ပါတယ်။ ပြည်သူတွေဘက်က ပါးနပ်ဖို့ပဲလိုပါတယ်”ဟု သတိပေးသည်။

(စစ်ကိုင်းတိုင်း လက်ပံ​တောင်း​တောင်​ဒေသ အ​နောက်​မြောက်လွင်ပြင်ရှိ ​ကျေးရွာတစ်ရွာတွင် ​ဒေသခံပြည်သူများက ပိတောက်ပန်းများပန်ဆင်၍ စစ်အာဏာရီင်ဆန့်ကျင်​ရေး ​မတ်လ၂၆ရက်က ချီတက်ဆန္ဒပြ​နေစဥ်၊ ဓာတ်ပုံ - Black Ko)

▪️သင်္ကြန်ကို ပုံဖျက်ပြီး လူစုလူဝေးများတွင် ဗုံးခွဲ၍ PDFကို လွှဲချရန် ပြင်ဆင်မှုများရှိနေဟုဆို

အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် နှင့် ပြည်သူများပါးနပ်ရန်လိုအပ်ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက People’s Springမှတစ်ဆင့် တိုက်တွန်းသည်။

ပြည်တွင်း၊ပြည်ပ၌ နိုင်ငံ၏ ပကတိအခြေအနေကို ထင်ယောင်ထင်မှားဖြစ်စေရန် သင်္ကြန်ကာလ ပုံရိပ်များမှတစ်ဆင့် အကြမ်းဖက်စစ်တပ်က ကြိုးပမ်းမည်ဖြစ်သည့်အပြင် ၎င်းတို့ကိုယ်တိုင် လူစုလူဝေးများတွင် ဗုံးခွဲ၍ PDFများကို လွှဲချရန် ပြင်ဆင်မှုများရှိနေသည်ကို ကြားသိရကြောင်း ရန်ကုန်မြို့အခြေစိုက် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ Dark Shadow အဖွဲ့ တာဝန်ရှိသူက ​ပြောသည်။

“ကျည်တစ်တောင့်နဲ့ နှစ်ယောက်ရှင်းနိုင်တဲ့ အခြေအနေပေါ့။ပျော်ပွဲရွှင်ပွဲတွေ မြန်မာနိုင်ငံမှာ ဖြစ်နေပါပြီဆိုတာမျိုး။ပြီးရင် ဗုံးပေါက်အောင် ကြိုတင် ဖန်တီးထားပြီး တော့ PDF ကို ပြည်သူနဲ့ သွေးခွဲမယ်။နောက် နိုင်ငံတကာကို လိမ်မယ်။ ဒီကိစ္စ ကို ကျွန်တော်တို့ အခုကတည်းက ကြားနေရတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့အကြမ်း ဖက်စစ်အုပ်စုရဲ့ ရေသကြ်န်ပွဲ ကိုမပါဝင်ဖို့ ကြိုတင် အသိပေးလိုတယ်”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရာတွင် ပြည်သူများထိခိုက်မည်ကို မလိုလားကြောင်းလည်း မြို့ပြပြောက် ကျားအဖွဲ့ From Zero to Hero မှ ရဲဘော် ကျောင်းသားလေးက ​ပြောသည်။

“သင်္ကြန်အချိန်မှာ ပြည်သူတွေမထိခိုက်အောင်ကျွန်တော်တို့ တက်နိုင်သမျှရှောင်မယ်။ဒါပေမယ့် တစ်ခု သတိပေးလိုတာက စစ်ကောင်စီတပ် နဲ့ရောထွေပြီး လူစု​လူ​​ဝေးအရမ်းမလုပ်ပါနဲ့။ကျွန်တော် တို့ အကြမ်းဖက်စစ်အုပ်စုကို နေ့တိုင်း ၊နေရာတိုင်း၊အချိန်မရွေးတိုက်ခိုက်နိုင်အောင် ပြည်သူတွေ ကူညီကြပါ”ဟု ၎င်းက တိုက်တွန်းသည်။

Generation Z Defence Force အဖွဲ့တာဝန်ခံကလည်း “သင်္ကြန်ရက် ဘယ်မှမထွက်ပဲ အိမ်ထဲနေကြတာအကောင်းဆုံးပဲလို့ပြည်သူတွေကိုပြောချင်ပါတယ်။ ပြည်သူတွေဘက်က ပါးနပ်ဖို့ပဲလိုပါတယ်”ဟု သတိပေးသည်။

အလားတူ တော်လှန်ရေးကာလတွင် စစ်ကောင်စီက စီစဉ်ကျင်းပသည့် သင်္ကြန်ပွဲတော်ကို ပါ၀င်ဆောင်ရွက်ပေးမည့်သူများ၊ အဖွဲ့အစည်းများနှင့် ဖျော်‌ဖြေရေးမဏ္ဍပ်များကို ပြင်းထန်စွာအရေးယူမည်ဟု ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကတချို့က သတိပေးချက်များ ထုတ်ပြန်ထားသည်။

“ပျော်စရာ ရွှေထက်ရှားတဲ့ ဒီကာလမှာ ပျော်ချင်ကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် သင်္ကြန်လည်မယ်ဆိုရင်လည်း အပြစ်မဆိုပါဘူး။ ကျနော် ရောက်နေတဲ့ နေရာဆို ရေသိပ်ရှားတယ်။ သောက်ရေတောင် ခြွေတာနေရ၊ ရက်အတော်ကြာမှ တစ်ခါရေချိုးရတာမို့ ဒီနှစ် သင်္ကြန်လည်း ရေပက်ခွင့် မကြုံသေးဘူးနဲ့ တူပါတယ်။ကျနော်တို့ရဲ့ တော်လှန်ရေးဟာစနစ်ကို ဖြိုချတာဖြစ်ပြီး ပြည်သူရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရမယ့် တာဝန်နဲ့ သစ္စာတရား ရှိပါတယ်။ တော်လှန်ရေး ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ ကြိုက်သည် မကြိုက်သည်ဖြစ်စေ ထိုပြည်သူဟာ ကျနော်တို့ရဲ့ ကာကွယ်စောင့်ရှောက်ပေးရမယ့် ပြည်သူဖြစ်ပါတယ်”ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းကဆက်လက်၍ “ပြည်သူတွေ ပျော်နေရင်လည်း ကျနော်တို့လည်း ဝမ်းသာနေမှာပါ။တစ်ကယ်လို့များသာ ပြည်သူတစ်ရပ်လုံးက တော်လှန်ရေးကို နိုင်တဲ့ဘက်က စွမ်းစွမ်းတမံ ပါဝင်ကြရင် ဒီဖိနှိပ်မှုက အမြန်ဆုံး လွတ်မြောက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့ ပြည်သူတွေ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနိုင်မယ် မဟုတ်လားဗျာ”ဟု ရှင်းပြသည်။

ယခုလဝက်ကစ၍ နေပြည်တော်၊ ရန်ကုန်၊မန္တလေးအပါအ၀င်မြို့အသီးသီးနှင့် မြို့နယ်အနှံ့တွင် သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် အကြမ်းဖက်စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

အလစ်အငိုက် တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်မှ ၂၀ဦးခန့်ထိခိုက်သေဆုံးခဲ့ကြောင်းဒေသခံက ပြောကြားပြီးယင်းသေဆုံးမှု အခြေအနေကို People's Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။