Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​က ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဆောက်

နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်အတွက် စတင်ပြင်ဆင်နေပါပြီ။

ဓာတ်ပုံ - People's Spring

ရောင်နီ/People’s Spring

နေ့စဉ်နဲ့အမျှ ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီက ရန်ကုန်မြို့မှာ သင်္ကြန်ပွဲတော်အတွက် စတင်ပြင်ဆင်နေပါပြီ။

ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဍပ်ကို ဒီရက်ပိုင်းမှာဘဲ စတင်ဆောက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီမဏ္ဍပ်ကို နှစ်တိုင်း အစောဆုံးဆောက်လေ့ရှိပြီး ဒီနှစ်မှာလည်း သင်္ကြန်မတိုင်ခင် တစ်လအလိုမှာကတည်းက ဆောက်လုပ်နေတာပါ။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီး‌ နောက်ပိုင်းမှာ မြို့တော်ခန်းမအပြင် ပြည်သူ့ရင်ပြင်ဝန်းထဲမှာလည်း လမ်းလျှောက်သင်္ကြန်ကို ပြုလုပ်လေ့ရှိပါတယ်။

ပြည်သူ့ရင်ပြင်ဝင်းထဲမှာ သင်္ကြန်မဏ္ဍပ်နဲ့အတူ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း တင်ဆက်ပေးနေတာပါ။

စစ်ကောင်စီက သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူတွေအပါအဝင် သူတို့ရဲ့ လက်အောက်ငယ်သားတွေ နေ့စဉ်သေဆုံးနေရပေမယ့် နိုင်ငံအေးချမ်းသယောင် ပြသနိုင်ဖို့ သင်္ကြန်အပါအဝင် လအလိုက်ပွဲတွေကို ကျင်းပပေးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook