Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ပြည်သူတွေ မသုံးစွဲကြဖို့ ယင်းမာပင်​ဒေသခံတွေ တိုက်တွန်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB၊ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း

ဧပြီ-၂၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက “မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ” ၊ “ငါတို့မဲမပေးခဲ့” စာသားနဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

“ဘူးသပိတ်ဆင်နွှဲဖက်ဆစ်ဖြိုလှဲ” ကြွေးကြော်သံတွေနဲ့ စစ်တပ်ထုတ်ကုန်ကို ပြည်သူတွေမသုံးစွဲကြဖို့လည်း သပိတ်ကော်မတီဝင်တွေက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုတို့ပူးပေါင်းကာ “အဓမ္မကို အမြစ်ဖြတ်တော်လှန်လမ်းမပေါ်က ရွှေဥက္ကံ” ဘန်နာစာသားကိုင်ဆောင်ပြီး “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး”၊ “ဒီမိုကရေစီရရှိရေး”၊ “ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး”ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှုသပိတ်စစ်ကြောင်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် သပိတ်အင်အားစုတွေက ဒေသခံပြည်သူတွေကို စစ်တပ်ထုပ်ကုန်တွေ မသုံးစွဲကြရေး တိုက်တွန်းနှိုးဆော်လွှာတွေလည်း ဖြန့်ဝေခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook