Connect with us

Hi, what are you looking for?

News

မတ္တရာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးထိခိုက်မှုရှိ၊ သဖန်းကိုင်းရွာခံ နှစ်ဦးအသတ်ခံရ

သေဆုံးခဲ့သည့် ဦးမြတ်ရွှင်သည် စစ်ကောင်စီခန့် ဥက္ကဋ္ဌ လုပ်ခဲ့ဖူးပြီး စစ်ကောင်စီ တပ်များ သဖန်းကိုင်းသို့ ဝင်ရောက်စဉ် အသွားအလာ အဝင်အထွက်ရှိသည်ဟု ဒေသခံကပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မန္တလေးတိုင်း မတ္တရာမြို့နယ် သဖန်းကိုင်းကျေးရွာနှင့် မြောင်းသစ်ရွာအကြား၌ စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

ယနေ့(မတ်လ ၂၇ရက်)နေ့လယ်၁၁နာရီခွဲခန့်တွင် သဖန်းကိုင်းကျေးရွာတစ်ဝိုက် သို့ အုတ်ကား ၂စီးဖြင့် စစ်ကောင်စီတပ်များ ဝင်ရောက်လာစဉ် တိုက်ခိုက်ခံရ ခြင်းဖြစ်သည်ဟု ဆိုသည်။

“သဖန်းကိုင်းရွာနဲ့ မြောင်းသစ်ရွာကြားမှာ မိုင်းဆွဲခံလိုက်ရတယ်လို့ အသံကြား လိုက်ရတယ်။ အုန်းခနဲ အသံကြားပြီး ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ငယ်သံတွေ ကြားရတာရှိတယ်”ဟု ဒေသခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုမဖြစ်မီ ယမန်နေ့ညပိုင်းက သဖန်းကိုင်းကျေးရွာရှိ (၄၅)နှစ် အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီးတို့ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ က သတ်ဖြတ်သွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“ငါ-းမသား PDFတွေ သတ္တိရှိတဲ့ကောင်ထွက်ခဲ့။ အကုန်သတ်ပစ်မယ်ဘာညာ ပေါ့။ အဲဒီလို ကြုံးဝါးပြီးလာတာရှိတယ် အဲဒီအဖွဲ့က။ နောက်တစ်ခုက မဆိုင်တဲ့သူ တစ်ယောက်မှ ထွက်မလာနဲ့ အကုန်ပစ်သတ်ပစ်မယ် အဲဒီလို ကြုံးဝါးတာ။ ည ၈နာရီခွဲ(မတ်လ ၂၆ရက် ညပိုင်း)ဆိုတော့ သေနတ်တွေလည်း ပစ်ဖောက်နေတာဆိုတော့ ဘယ်သူမှလည်း ထွက်မကြည့်ရဲဘူး။ နောက်ပိုင်းမှာ သိရတာက ကိုမြတ်ရွှင် အသက် ၄၅ဝန်းကျင် လောက်ရှိတယ်။ကိုမြတ်ရွှင်နဲ့ သူ့ရဲ့ဇနီးနဲ့ အသတ်ခံရတယ်။ ဒေသခံတွေ ခန့်မှန်းပြောဆိုတာက ပျူစောထီးတွေလို့ ခန့်မှန်းပြောဆိုနေကြတယ်။ ကိုမြတ်ရွှင်ကို အော်ဟစ်ကြိမ်းမောင လည်းရှိတယ်ပြောတယ်။ မင်းခေါ်လို့ လာလိုက်ရင် ဘာ PDF မှလည်းမတွေ့ရဘူး။ မင်းငါတို့ကို သပ်သပ် ဒုက္ခလာပေးတာ ဘာညာ အော်ဟစ်ကြိမ်းမောင်းတယ်လို့ ကြားတယ်လို့ ပြောတယ်” ဟု ဒေသခံက သတင်းပေးပို့သည်။

သေဆုံးခဲ့သည့် ဦးမြတ်ရွှင်သည် စစ်ကောင်စီခန့် ဥက္ကဋ္ဌ လုပ်ခဲ့ဖူးပြီး စစ်ကောင်စီ တပ်များ သဖန်းကိုင်းသို့ ဝင်ရောက်စဉ် အသွားအလာ အဝင်အထွက်ရှိသည်ဟု ဒေသခံကပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း စစ်ကောင်စီတပ်ကို သဖန်းကိုင်း နှင့်မြောင်းသစ်ရွာ ကြား၌ တစ်ကြိမ်၊ မန္တလေးတူးမြောင်း(ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်တောင်ပေါ် တံတားနက် တံတားတောင်ဘက်၌ တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ ဦးခန့်သေဆုံးနိုင်ကြောင်း မတ္တရာ PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။