Connect with us

Hi, what are you looking for?

News

ဖလူးမှ ဝေါ်လေသို့လာသည့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၂၀ဦးအထက်သေနိုင်ဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အကြမ်းဖက် စစ်ကောင်စီဘက်မှ အထိအခိုက်အကျ အဆုံးများသဖြင့် ရဟတ်ယာဉ် ၂စီးဖြင့် နှစ်ကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သို့ရာတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။

(​ကော်ဘရာစစ်​ကြောင်း၏ တိုက်ခိုက်မှု​ကြောင့် ​လမ်းမထက်တွင် ​သေဆုံး​နေ​သော စစ်​ကောင်စီတပ် အ​လောင်းများအား ​တွေ့ရစဥ်)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသကိုဖြတ်သန်း၍ ဖလူးကျေးရွာဘက်မှ ဝေါ်လေသို့ ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

တပ်မ (၄၄)နှင့် တပ်မ (၂၂)လက်အောက်ခံ အကြမ်းဖက်စစ်ကောင်စီ၏ ပူးပေါင်း စစ်ကြောင်းအား ကော်ဘရာ စစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မြဝတီ-ဝေါ်လေ ဆက်သွယ်ထားသော ကားလမ်း၏ လမ်းပိုင်းတစ်နေရာတွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီဘက်မှ အထိအခိုက်အကျ အဆုံးများသဖြင့် ရဟတ်ယာဉ် ၂စီးဖြင့် နှစ်ကြိမ်ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သို့ရာတွင် ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် အကြမ်းဖက်စစ်ကောင်စီဖက်မှ အနည်းဆုံး ၂၀အထက်ကျဆုံးနိုင်ပြီး ၊ရာဂဏန်းခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား သည်။ အချို့အလောင်းများသည် စစ်ရေးသတင်းထုတ်ပြန်ခဲ့သည့် မတ်လ ၂၇ရက် ညပိုင်းအထိ လမ်းမ၌ ပြန့်ကျဲနေကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook