Connect with us

Hi, what are you looking for?

News

ရေစကြို PDF တပ်ရင်း(၂)၏ အပတ်စဉ် (၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

ရေစကြို PDF တပ်ရင်း(၁)အနေဖြင့် စစ်သင်တန်း အမှတ်စဉ်(၁၀)အထိ သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး တပ်ရင်း(၂)သည် အမှတ်စဉ်(၅)အထိရှိလာပြီဖြစ်သည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း(၂)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅)သင်တန်းဆင်းပွဲကို ယနေ့ နံနက်တွင် ပြုလုပ်ခဲ့ကြောင်း ရေစကြို PDFက သတင်းထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားကို ရေစကြိုမြို့နယ် တစ်နေရာ၌ မတ်လ ၂၈ရက် နံနက် ၈နာရီတွင် ပြုလုပ်ခဲ့ရာ သင်တန်း သား ၁၀၀ကျော်နှင့် ဒေသခံ ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း ရေစကြို PDFက ထုတ်ပြန်သည့် ဓာတ်ပုံများ၌ တွေ့ရသည်။

ရေစကြို PDF တပ်ရင်း(၁)အနေဖြင့် စစ်သင်တန်း အမှတ်စဉ်(၁၀)အထိ သင်တန်းဆင်းပွဲကျင်းပခဲ့ပြီး တပ်ရင်း(၂)သည် အမှတ်စဉ်(၅)အထိရှိလာပြီဖြစ်သည်။

ရေစကြိုအပါအဝင် ဒေသအသီးသီး၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်တွန်းလှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အားများ တိုးပွားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

ရေစကြို PDF အနေဖြင့် မြို့နယ်အတွင်းနှင့် ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီထောက်တိုင်များကို တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည့် ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။