Connect with us

Hi, what are you looking for?

LuduNwayOo

News

သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံရန် ပျက်ကွက်ခဲ့၍ အာဆီယံအထူးကိုယ်စားလှယ်၏ခရီးစဉ် စိတ်ပျက်ဟု NUG ထုတ်ပြန်

အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းသည် မတ်လ ၂၁ မှ ၂၃ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်သို့ လာရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်း၏ လက်အောက်ခံဝန်ကြီးများ၊ ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီအချို့ကိုသာ တွေ့ဆုံခဲ့သည်။

(အာဏာသိမ်း​ခေါင်း​ဆောင်နှင့်​တွေ့ဆုံ​နေ​သော အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို မတ်လ၂၃ရက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - Prak Sokhonn/FB)

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ပျက်ကွက်သည့်အတွက် အလွန်စိတ်ပျက်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း၏ ချဉ်းကပ်မှုသည် တရားမ၀င်စစ်အုပ်စုအား တရားဝင်မှုပေးရာရောက်သည့်အန္တရာယ်ပင်ရှိနေပြီး ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည် ဖော်ရန် အာဆီယံ၏စွမ်းဆောင်ရည်ကိုအဟန့်အတားဖြစ်စေကြောင်း လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းသည် မတ်လ ၂၁ မှ ၂၃ ရက်အထိ နေပြည်တော်နှင့် ရန်ကုန်သို့ လာရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်း၏ လက်အောက်ခံဝန်ကြီးများ၊ ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီအချို့ကိုသာ တွေ့ဆုံခဲ့သည်။

အထက်ပါအထူးကိုယ်စားလှယ်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးနှင့်တွေ့ဆုံရန် ကတိကဝတ်ပြုထားသည့်အတိုင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ​NUG ၊ CRPH ၊ NUCC ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လာမည့် ဧပြီလကုန်တွင် အတိုင်ပင်ခံအစည်းအဝေးတစ်ခုကျင်းပပြီး လိုအပ်နေသူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာ၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အဟန့်အတားမရှိ ပေးပို့နိုင်ရန်အတွက် အကျိုးသက်ဆိုင်သူများနှင့် ကွဲပြားသောအမြင်များ ဖလှယ်ရန် NUG က တောင်းဆိုသည်။

Troika (မြန်မာနိုင်ငံ၏မိတ်ဆွေများ) အစီအစဉ်နှင့် လူသားချင်းစာနာထောက်ထားမှုစင်္ကြံဆိုင်ရာ အစီအစဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီ နှင့် သက်ဆိုင်ရာ အကျိုးသက်ဆိုင်သူများနှင့် အပြင်းအထန် ဆွေးနွေးခြင်းလုပ်ဆောင်ရန်လည်း တိုက်တွန်းသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့် အညီ ‘ပြည်သူတို့၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်း’ ကို တိုးတက်စေရေးဆောင်ရွက်ရာတွင် တရား၀င်ပြည်သူ့ကိုယ်စားလှယ်များ၏ ပါဝင်မှုသည် မရှိမဖြစ် လိုအပ်သည်ဟု NUG က ထောက်ပြသည်။

ယခုအချိန်သည် မြန်မာလူထု၏ ဆန္ဒနှင့် အကျိုးစီးပွားကို စစ်မှန်စွာ ထောက်ခံခြင်းဖြင့် သမိုင်းဝင်အမှားများကို ပြင်ဆင်ရန် အာဆီယံ၏ အခွင့်အရေးဖြစ်သည်ဟုလည်း NUG က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။