Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုခုခံနေသည့် KUGFတပ်ဖွဲ့မှ လူငယ် ရဲဘော်တိုင်ပြောက် မတော်တဆထိခိုက်မှုဖြင့် ကျဆုံး

ခင်ဦးမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခြင်းခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ဖမ်းဆီးမှုများပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက် နေသည့် Khin U Local Guerrilla Force တပ်ဖွဲ့မှ (၂၁)နှစ်အရွယ် လူငယ်ရဲဘော်တစ်ဦး မတော်တဆထိခိုက်မှုဖြင့် ကျဆုံးခဲ့ရသည်။

ရဲဘော်တိုင်ပြောက်သည် မတ်လ၄ရက်က မတော်တဆထိခိုက်မှုဖြင့် ကြွေလွင့် ခဲ့ရကြောင်း၊ ရဲဘော်တိုင်ပြောက်၏ ရဲစွမ်းသတ္တိနှင့် လုပ်ဆောင်ချက်များကို KUGF တပ်ဖွဲ့မှ လေးစားဂုဏ်ယူ အလေးနီပြုကြောင်း ထုတ်ပြန်သည်။

“ရဲဘော်အသက်က ၂၁နှစ်ပါဗျ။ ကျွန်တော်တို့ KUGF တပ်ဖွဲ့မှာ အားအကိုးရဆုံး ရဲဘော် တစ်ယောက်ပါဗျ။ ကျွန်တော်တို့ အပါအဝင် ရဲဘော်အားလုံးက ရဲဘော်တိုင်ပြောက် ကိုချစ်ကြတယ် လေးစားကြတယ်။ သူ့တွက် ကျွန်တော်တို့တွေ ဘယ်တော့မှလည်း မမေ့ပါဘူး။ ရဲဘော်တိုင်ပြောက်ရဲ့ စကားတစ်ခွန်းက အမြဲတမ်းအမှတ်ရစေတယ်ဗျ။ သူပြောနေကျ စကားလေးတစ်ခွန်းက မိုင်းသံတို့ သေနတ်အသံကြားမှ အိပ်ပျော်မှာတဲ့။ ခုတော့ သူကြားချင်တဲ့ အသံတွေကြားပြီး ထာဝရအိပ်စက်သွားတယ်ဗျာ။ တကယ်ပါ။ သူရဲ့လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ တပ်ဖွဲ့အတွက် အရာရာ အောင်မြင်စေပါတယ်။ ပြီးတော့ ဘယ်အရာမဆို သူအောင်မြေအောင် လုပ်ဆောင်တယ်။ ရဲဘော်တစ်ယောက်ဆုံးရှုံးရခြင်းဟာ တန်ဖိုးမဖြတ် နိုင်တဲ့ဆုံးရှုံးမှုပါဗျာ”ဟု KUGF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခြင်းခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ဖမ်းဆီးမှုများပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။