Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကိုခုခံနေသည့် KUGFတပ်ဖွဲ့မှ လူငယ် ရဲဘော်တိုင်ပြောက် မတော်တဆထိခိုက်မှုဖြင့် ကျဆုံး

ခင်ဦးမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခြင်းခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ဖမ်းဆီးမှုများပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက် နေသည့် Khin U Local Guerrilla Force တပ်ဖွဲ့မှ (၂၁)နှစ်အရွယ် လူငယ်ရဲဘော်တစ်ဦး မတော်တဆထိခိုက်မှုဖြင့် ကျဆုံးခဲ့ရသည်။

ရဲဘော်တိုင်ပြောက်သည် မတ်လ၄ရက်က မတော်တဆထိခိုက်မှုဖြင့် ကြွေလွင့် ခဲ့ရကြောင်း၊ ရဲဘော်တိုင်ပြောက်၏ ရဲစွမ်းသတ္တိနှင့် လုပ်ဆောင်ချက်များကို KUGF တပ်ဖွဲ့မှ လေးစားဂုဏ်ယူ အလေးနီပြုကြောင်း ထုတ်ပြန်သည်။

“ရဲဘော်အသက်က ၂၁နှစ်ပါဗျ။ ကျွန်တော်တို့ KUGF တပ်ဖွဲ့မှာ အားအကိုးရဆုံး ရဲဘော် တစ်ယောက်ပါဗျ။ ကျွန်တော်တို့ အပါအဝင် ရဲဘော်အားလုံးက ရဲဘော်တိုင်ပြောက် ကိုချစ်ကြတယ် လေးစားကြတယ်။ သူ့တွက် ကျွန်တော်တို့တွေ ဘယ်တော့မှလည်း မမေ့ပါဘူး။ ရဲဘော်တိုင်ပြောက်ရဲ့ စကားတစ်ခွန်းက အမြဲတမ်းအမှတ်ရစေတယ်ဗျ။ သူပြောနေကျ စကားလေးတစ်ခွန်းက မိုင်းသံတို့ သေနတ်အသံကြားမှ အိပ်ပျော်မှာတဲ့။ ခုတော့ သူကြားချင်တဲ့ အသံတွေကြားပြီး ထာဝရအိပ်စက်သွားတယ်ဗျာ။ တကယ်ပါ။ သူရဲ့လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ တပ်ဖွဲ့အတွက် အရာရာ အောင်မြင်စေပါတယ်။ ပြီးတော့ ဘယ်အရာမဆို သူအောင်မြေအောင် လုပ်ဆောင်တယ်။ ရဲဘော်တစ်ယောက်ဆုံးရှုံးရခြင်းဟာ တန်ဖိုးမဖြတ် နိုင်တဲ့ဆုံးရှုံးမှုပါဗျာ”ဟု KUGF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ခင်ဦးမြို့နယ်တွင် ယနေ့အချိန်အထိ အင်တာနက်ဖြတ်တောက်ထားခြင်းခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ကျေးရွာများသို့ဝင်ရောက်ဖျက်ဆီးကာ ဖမ်းဆီးမှုများပြုလုပ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။