Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုမြို့နယ်ရှိ နေအိမ် ၂၈၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီး

လက်ရှိတွင်လည်း သာလွန်အင်အားများအသုံး ပြု၍ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်ကို အစွမ်းကုန်ခုခံမည်ဖြစ်ပြီး အာဏာရှင် အမြစ်ပြတ် သည်အထိ တိုက်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ဒီးမော့ဆိုမြို့ရှိ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - ပြည်သူ့ကာ ကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ ဖျက်ဆီးခဲ့သည့် နေအိမ် ၂၈၀ခန့်ရှိပြီး ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်မရှိတော့သည့် အခြေအနေဖြစ်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ် DMO-Local PDF က ယနေ့ ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက်မှ မတ်လ ၁၂ရက်အထိ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ် ပေါင်းစုတို့အကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သို့သော် မတ်လ ၁၃ရက်ကစ၍ ထိတွေ့တိုက်ပွဲမရှိသော်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ပြည်သူလူထုနေအိမ်များကို နေ့စဥ်နှင့်အမျှ မီးရှို့ခဲ့ ကြောင်း DMO-Local PDFက အသိပေးသည်။

ယနေ့(မတ်လ ၂၉ ရက်)အထိ DMO-Local PDF မှ ကောက်ယူထားသည့် စာရင်းများအရ အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သော နေအိမ် ၂၈၀ ဝန်းကျင်ရှိကာ ထောင်နှင့်ချီ သည့် စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရန် အိုးအိမ်မရှိတော့သည့် အခြေအနေဖြစ်နေသည် ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ညစ်တယ်လို့ ခေါ်တယ်။မနိုင်ရင် ရှုံးမဲမဲတဲ့ သဘောမျိုး။စစ်သားချင်း တစ်ယောက်ချင်း မနိုင်တော့ တခြားသက်ရှိ၊သက်မဲ့ တွေအားလုံး ကို ဖျက်ဆီးနေတာ”ဟု DMO-Local PDF တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

လက်ရှိတွင်လည်း သာလွန်အင်အားများအသုံး ပြု၍ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်ကို အစွမ်းကုန်ခုခံမည်ဖြစ်ပြီး အာဏာရှင် အမြစ်ပြတ် သည်အထိ တိုက်ထုတ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။