Connect with us

Hi, what are you looking for?

News

YMBA အသင်းကဲ့သို့သောအသင်းများပေါင်းစပ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့များ စမ်းသပ်ဖွဲ့စည်းရန် မင်းအောင်လှိုင် ညွှန်ကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုယက်မှု၊ ခိုးမှု၊ သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဖြစ်စဥ်များကို အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်ဟု ညွှန်ကြားထားသည်။

YMBA အသင်းကဲ့သို့သော အသင်းများပေါင်းစပ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့များ စမ်းသပ်ဖွဲ့စည်းရန် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်းဌာနတွင်းထုတ်ပြန်သည့် လျှို့ဝှက်စာတွင် ဖော်ပြ သည်။

အဆိုပါ ညွှန်ကြားချက်ကို မတ်လ ၃ ရက်တွင်ပြုလုပ်သော စစ်ကောင်စီ၏လုံခြုံရေးကော်မတီအစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်၊ ဒေသအကျိုး လိုလားသူ၊ ပါတီများ၊ YMBA အသင်းကဲ့သို့သော အသင်းအဖွဲ့များဖြင့် စမ်းသပ်ဖွဲ့စည်းရမည်ဟု ပါရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုယက်မှု၊ ခိုးမှု၊ သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဖြစ်စဥ်များကို အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်ဟု ညွှန်ကြားထားသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်၏ လျှို့ဝှက်ညွှန်ကြားချက်ပါ YMBA အသင်းသည် ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးအစွန်းရောက်သူများဦးဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အုပ်စုနှင့် ပလဲနံပသင့်သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည့် ၎င်း၏ခါးပိုက်စောင့်တပ်များ ထူထောင်လျက်ရှိရာ သေနတ်ပစ်သင်တန်းများတွင် သက်န်းဝတ် သံဃာတော်များပါ ပါဝင်နေသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။