Connect with us

Hi, what are you looking for?

LuduNwayOo

News

YMBA အသင်းကဲ့သို့သောအသင်းများပေါင်းစပ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့များ စမ်းသပ်ဖွဲ့စည်းရန် မင်းအောင်လှိုင် ညွှန်ကြား

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုယက်မှု၊ ခိုးမှု၊ သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဖြစ်စဥ်များကို အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်ဟု ညွှန်ကြားထားသည်။

YMBA အသင်းကဲ့သို့သော အသင်းများပေါင်းစပ်ပြီး ပြည်သူ့လုံခြုံရေးအဖွဲ့များ စမ်းသပ်ဖွဲ့စည်းရန် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်းဌာနတွင်းထုတ်ပြန်သည့် လျှို့ဝှက်စာတွင် ဖော်ပြ သည်။

အဆိုပါ ညွှန်ကြားချက်ကို မတ်လ ၃ ရက်တွင်ပြုလုပ်သော စစ်ကောင်စီ၏လုံခြုံရေးကော်မတီအစည်းအဝေးတွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ကို ရဲတပ်ဖွဲ့၊ စစ်မှုထမ်းဟောင်း၊ ပြည်သူ့စစ်၊ ကြက်ခြေနီ၊ မီးသတ်၊ ဒေသအကျိုး လိုလားသူ၊ ပါတီများ၊ YMBA အသင်းကဲ့သို့သော အသင်းအဖွဲ့များဖြင့် စမ်းသပ်ဖွဲ့စည်းရမည်ဟု ပါရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လုယက်မှု၊ ခိုးမှု၊ သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုဖြစ်စဥ်များကို အဆိုပါ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန်ဟု ညွှန်ကြားထားသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်၏ လျှို့ဝှက်ညွှန်ကြားချက်ပါ YMBA အသင်းသည် ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးအစွန်းရောက်သူများဦးဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အုပ်စုနှင့် ပလဲနံပသင့်သည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီသည့် ၎င်း၏ခါးပိုက်စောင့်တပ်များ ထူထောင်လျက်ရှိရာ သေနတ်ပစ်သင်တန်းများတွင် သက်န်းဝတ် သံဃာတော်များပါ ပါဝင်နေသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း၊ အထူးသဖြင့် အားကောင်းတဲ့ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုတွေ နိုးကြားလာတဲ့ အခါမှာတော့ တရုတ်ဟာအဲဒီ စီမံကိန်းတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရပြန်ပါတယ်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၆ ဦးခန့်သေဆုံးနိုင်ကြောင်း ကင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

သတင်း

ကျုံးဘေးပတ်လည် အဓိကလမ်းတွေဖြစ်တဲ့ ၂၆လမ်း၊ လမ်း၈၀၊ ၁၂လမ်းနဲ့ ၆၆လမ်းတို့ကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့သိရပါတယ်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၇ ရက်)နေ့လယ်က ဖယ်ခုံအခြေစိုက် ခမရ -၄၂၂ တပ်မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ခြင်းဟု ဆိုသည်။