Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျွန်းချောင်း-ဆိပ်ဖြူလမ်းမကြီးအနီးတွင် စစ်ကောင်စီတပ်ကားများ တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

မောင်းနှင်လာသည့် စစ်ကောင်စီကား သုံးစီးအနက် ကားတစ်စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က အသိပေးသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမကြီးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ ယနေ့တစ်ရက်တည်း သုံးကြိမ်မြောက်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က သတင်းထုတ်ပြန်သည်။

ကျွန်းချောင်း-ဆိပ်ဖြူ လမ်းမကြီးပေါ်မှ အရှေ့ကမ်းဖြူရွာဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကားသုံးစီးအား ယနေ့(မတ်လ ၃ဝ ရက်)ညနေ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးနေရာတွင်ပင် သေဆုံးနိုင်ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF) က သတင်းထုတ်ပြန်သည်။

“ဒီနေ့အတွက် နောက် Mission တစ်ခုပါ။ ပြန်ပစ်တာမျိုးမရှိဘူး။ မိုင်းဆွဲခံရအပြီး ပြန်ဆုတ်သွားကြတယ်”ဟု မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)၏ သတင်းပြန်ကြားရေးတာဝန်ခံ G-3 က ပြောသည်။

မောင်းနှင်လာသည့် စစ်ကောင်စီကား သုံးစီးအနက် ကားတစ်စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၃၀) နံနက် ၄နာရီဝန်းကျင်အချိန်ခန့်ကလည်း ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ ဒဲ့ပြားရွာအဝင်လမ်းမပေါ်၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ကားခုနစ်စီးအား မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး နံနက် ၅နာရီခွဲခန့်တွင် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ အရှေ့ကမ်းဖြူရွာအဝင်လမ်းမပေါ်၌ လှည့်လည်သွားလာနေသော စစ်ကောင်စီ၏ စစ်ကားတစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။