Connect with us

Hi, what are you looking for?

News

ကျွန်းချောင်း-ဆိပ်ဖြူလမ်းမကြီးအနီးတွင် စစ်ကောင်စီတပ်ကားများ တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

မောင်းနှင်လာသည့် စစ်ကောင်စီကား သုံးစီးအနက် ကားတစ်စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က အသိပေးသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမကြီးအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများ ယနေ့တစ်ရက်တည်း သုံးကြိမ်မြောက်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က သတင်းထုတ်ပြန်သည်။

ကျွန်းချောင်း-ဆိပ်ဖြူ လမ်းမကြီးပေါ်မှ အရှေ့ကမ်းဖြူရွာဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီကားသုံးစီးအား ယနေ့(မတ်လ ၃ဝ ရက်)ညနေ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးနေရာတွင်ပင် သေဆုံးနိုင်ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF) က သတင်းထုတ်ပြန်သည်။

“ဒီနေ့အတွက် နောက် Mission တစ်ခုပါ။ ပြန်ပစ်တာမျိုးမရှိဘူး။ မိုင်းဆွဲခံရအပြီး ပြန်ဆုတ်သွားကြတယ်”ဟု မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)၏ သတင်းပြန်ကြားရေးတာဝန်ခံ G-3 က ပြောသည်။

မောင်းနှင်လာသည့် စစ်ကောင်စီကား သုံးစီးအနက် ကားတစ်စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ရဲဘော်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MC- KC PDF)က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၃၀) နံနက် ၄နာရီဝန်းကျင်အချိန်ခန့်ကလည်း ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ ဒဲ့ပြားရွာအဝင်လမ်းမပေါ်၌ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ကားခုနစ်စီးအား မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီး နံနက် ၅နာရီခွဲခန့်တွင် ကျွန်းချောင်း-ဆိပ်ဖြူလမ်းမဘေးရှိ အရှေ့ကမ်းဖြူရွာအဝင်လမ်းမပေါ်၌ လှည့်လည်သွားလာနေသော စစ်ကောင်စီ၏ စစ်ကားတစ်စီးအား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြစ်ခြေ- ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းဝင်လာချိန် တိုက်ခိုက်ခံရလို့ သေဆုံးခဲ့တဲ့ ရဲကွန်မန်ဒိုတွေကို စစ်တပ်က လုံခြုံရေးယူပြီး ဆွမ်းသွပ်တရားနာပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။