Connect with us

Hi, what are you looking for?

News

ခင်ဦးနယ်တွင် ပျူများပါဝင်သော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုရှိ

ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ၏ အခြေကုပ်စခန်းတစ်ခုဖြစ်သော ပျဥ်ထောင်ကျေးရွာရှိ ပျူစောထီးနှင့် အကြမ်းဖက်စစ်တပ်ကို (ပကဖ)ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ထပ်မံ ထုတ်ပြန်သည်။

(မတ်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားစဥ်)

အကြမ်းဖက်စစ်တပ်က နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးနေဟုဆို

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ပျူစောထီးများပါဝင်သော အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများရှိကာ အကြမ်းဖက်စစ်တပ်က နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြား ရေးက သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက်က ခင်ဦးမြို့နယ် ရွာစဥ်ကျေးရွာသို့ ဝင်ရောက်အကြမ်းဖက် ခဲ့သည့် စစ်ကောင်စီတပ်သည် ယမန်နေ့(မတ်လ ၃၀ ရက်)နံနက်ပိုင်းက ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာများအနီးတွင် နယ်မြေခံ (ပကဖ)အဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကာ နှစ်ဖက်အကျအဆုံးများရှိကြောင်း၊ အဆိုပါပစ်ခတ်မှုတွင် ရဲဘော်(ပကဖ)သုံးဦး ကြွေလွင့်ခဲ့ရကြောင်း စိတ်မချမ်းမြေ့ဖွယ် ကြားသိရသည့်အပြင် ကုလားလူးရွာနှင့် ရှားလွင်ကျေးရွာမှ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

(မတ်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားစဥ်)

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ညပိုင်းတွင် ကုလားလူးကျေးရွာသို့ ဝင်ရောက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ ၏ အခြေကုပ်စခန်းတစ်ခုဖြစ်သော ပျဥ်ထောင်ကျေးရွာရှိ ပျူစောထီးနှင့် အကြမ်းဖက်စစ်တပ်ကို (ပကဖ)ပူးပေါင်းအဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း ထပ်မံ ထုတ်ပြန်သည်။

အဆိုပါဖြစ်စဥ်များမှန်ကန်ကြောင်းကို ခင်ဦးနယ်အခြေစိုက် Khin U Local Guerrilla Force အဖွဲ့က အတည်ပြုသည်။

(မတ်လ ၁၅ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားစဥ်)

မတ်လ ၁၅ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် Khi U Local Guerrilla Force တပ်ဖွဲ့တပ်ရင်းအားဝင်စီးပြီး လက်နက်ခဲယမ်းများ ဖျက်ဆီးကာ အချို့သောပစ္စည်းများ သယ်ဆောင်သွားပြီးစုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၀၀ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း၊ ထိုအပြင် အပြစ်မဲ့ ပြည်သူ နှစ်ဦးအားသတ်ဖြတ်သွားကြောင်း Khi U Local Guerrilla Forceက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။