Connect with us

Hi, what are you looking for?

News

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် တက္ကသိုလ် ကျောင်းသူ သေဆုံးလျက်ပြန်တွေ့

“ဇွံကပင်တောင်ပေါ်က အထက် ရေတံခွန်နားမှာ တွေ့တာ။ ရုပ်အလောင်းကို တောင်အောက်ပြန်သယ်ဖို့ လုပ်နေတယ်”ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

(​ပျောက်ဆုံး​နေ​သောအမျိုးသမီးကို ပြန်လည်ရှာ​​ဖွေ​နေကြစဥ်)

ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် ဒုတိယနှစ် တက္ကသိုလ် ကျောင်းသူ၏ ရုပ်အလောင်းကို တောင်ပေါ်တစ်နေရာတွင်ယ​နေ့နံနက်ပိုင်း၌ ပြန်တွေ့ပြီဟုရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

ဖားအံမြို့ တောကြီးကုန်းကျေးရွာမှ အသက် (၂၂) နှစ် အရွယ် ဒုတိယနှစ်တက္ကသိုလ်ကျောင်းသူတစ်ဦးသည် မတ်လ ၃၀ ရက်နေ့လည်တွင် ဇွဲကပင်​တောင်ပေါ်သို့ တက်သွားပြီး နောက်တစ်နေ့အထိ ပြန်ဆင်းမလာ၍ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(​ပျောက်ဆုံး​နေ​သောအမျိုးသမီးကို ပြန်လည်ရှာ​​ဖွေ​နေကြစဥ်)

ဒေသခံများ၊ လူမှုရေးအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည် ရှာဖွေကယ်ဆယ်ရေးကို မတ်လ ၃၁ရက် နံနက်တွင်စတင်ခဲ့ပြီး သေဆုံးလျက်ရှိသည့် ရုပ်အလောင်းကို ယနေ့(ဧပြီ ၁ရက်) နံနက်တွင် တွေ့ရှိခြင်းဖြစ်သည်။

“ဇွံကပင်တောင်ပေါ်က အထက် ရေတံခွန်နားမှာ တွေ့တာ။ ရုပ်အလောင်းကို တောင်အောက်ပြန်သယ်ဖို့ လုပ်နေတယ်”ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(​ပျောက်ဆုံး​နေ​သောအမျိုးသမီးကို ပြန်လည်ရှာ​​ဖွေ​နေကြစဥ်)

အထက်ပါအမျိုးသမီးသည် မတ်လ ၃၀ရက်က အမျိုးသားတစ်ဦးနှင့်အတူတောင်ပေါ်သို့ တက်သွားပြီး ယင်းနေ့ ညနေတွင် အမျိုးသားတစ်ဦးသာ တောင်အောက်သို့ ပြန်ဆင်းလာသည်ဟု ဒေသခံများကပြောသည်။ရုပ်အလောင်းအား သစ်ရွက်များဖြင့် ဖုံးအုပ်ထားသည့်အနေအထားဖြင့်တွေ့ရခြင်းဖြစ်သည်ဟု ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ပြောသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ