Connect with us

Hi, what are you looking for?

News

ကရင်နီပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရာရှိနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်မှ ၂၃ဦးသေ

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်းအစီး ၄၀စေလွတ်ပြီး ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းနေသည်ဟုလည်း KNDFက ဆိုသည်။

(မတ်လ ၂၅ ရက်က (၅)မိုင်ကျေးရွာ တိုက်ပွဲတွင် စစ်​ကောင်စီတပ်အား ပစ်ခတ်တိုက်ခိုက်​နေ​သော KNDF ရဲ​ဘော်တစ်ဦးကို ​တွေ့ရစဥ်)

▪️အထိနာသည့် စစ်ကောင်စီတပ် အင်အားဖြည့်နေဟုဆို

ကရင်နီ(ကယား)ပြည်နယ်၌ မတ်လ​နောက်ဆုံးပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၃ဦးသေဆုံးပြီး ၎င်းတို့ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင် နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (ဧပြီ ၁ရက်) ထုတ်ပြန်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာ၊ (၅) မိုင်ကျေးရွာမှ ထူလွှီးဘီလာ၊ ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်အထိ စစ်ကြောင်းထိုးနေသည်ဟု အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မှ ကရင်နီပြည်သို့ ယာဥ်တန်းအစီး ၄၀စေလွတ်ပြီး ဒီးမော့ဆိုမြို့နယ်သို့ တပ်အင်အားဖြည့်တင်းနေသည်ဟုလည်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ငွေတောင်ရွာသစ်အနီးတဝိုက်တွင် ကရင်နီပူးပေါင်း တပ်များမှ ပြောက်ကျားတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အထိနာနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ကျွန်တော်တို့ကို စစ်ကောင်စီဘက်က ညှိနှိုင်းဖို့ ကြိုးစားတာရှိခဲ့တယ်။ဘာလိုချင်တာလဲ၊ဘာ ဖြစ်ချင်တာလဲပေါ့။ဒါပေမယ့် ကျွန်တော်တို့ ရဲ့မူဝါဒဖြစ်တဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးကြောင့် ဘယ်တော့မှ ညှိနှိုင်းမှာမဟုတ်ဘူး။အဲဒါကြောင့်လည်း အကြမ်းဖက်စစ်တပ်ဘက်က အင်အားတွေ အလွန်အကျွံ ဖြည့်ပြီး လာဖိနေတာ”ဟု KNDF မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

မတ်လ​နောက်ဆုံးပတ်က တိုက်ပွဲများတွင် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာကျေးရွာအတွင်း ခြေကုပ်ယူ တပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို မတ်လ ၂၄ ရက်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

ထို့အတူ ဖရူဆိုမြို့နယ်နှင့် ငွေတာင်ရွာသစ်အနီးသို့ စစ်ကြောင်းထိုးလာ အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF မှခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ အများအပြားထိခိုက်ခဲ့သည်။

မတ်လ ၂၅ ရက် နံနက်ပိုင်းကလည်း KNDF မှ လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖက်မှ ဆုတ်ခွာခဲ့သဖြင့် ၎င်းတောင်ကုန်းစခန်းအား သိမ်းပိုက်ရရှိခဲ့သည်။

ထိုနေ့ ညနေ ၄နာရီ နောက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ၊ (၅)မိုင်၊ (၆) မိုင်မှ ဘက်တလိန်ကျေးရွာအထိ စစ်ကြောင်း နှစ်‌ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

မတ်လ ၂၆ နှင့် ၂၇ ရက်ကလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ဖရူဆိုမြို့အခြေစိုက် (ခမရ -၄၂၈)တပ်ရင်း အား နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။မတ်လ ၂၆ ရက် ည ၈နာရီခန့်ကလည်း KNDF မှ မိုးဗြဲမြို့အခြေစိုက် (ခမရ-၄၂၂) သရက်ခြံတပ်ရင်းအား ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်။

မတ်လ ၂၇ ရက် နံနက် ၆နာရီတွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် စခန်းချနေသာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြောက်ကျားတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ​ခြောက်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အတူ ဖရှုဆိုမြို့နယ် အမှတ် (၁၄)စစ်လေ့ကျင့်ရေးကျောင်းသို့ ကရင်နီတပ်မတော်နှင့် KNDF တို့မှ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှစ်ဦး သေဆုံးခဲ့သည်။

မတ်လ ၂၈ ရက်တွင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF မှ အလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ အရာရှိ တစ်ဦးနှင့် တပ်သားတစ်ဦး ထိမှန် သေဆုံးခဲ့သည်။

မတ်လ ၃၀ရက်ကလည်း ဖရူဆိုမြို့နယ် (ခမရ ၄၂၈) တပ်ရင်းသို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနှင့်အတူ KNDF မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကာ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါဘအဝင် တပ်သားရှစ်ဦးသေဆုံးခဲ့သည်။

အဆိုပါ တိုက်ပွဲရက်များတွင် စစ်ကောင် စီတပ်ဖွဲ့များမှ ထူလွှီးဘီလာ နှင့် (၅)မိုင် ကျေးရွာတို့မှ နေအိမ် ၁၁လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးကျည်ကြောင့် ဒေသခံနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၂၄ ရက်တွင် ငွေတောင်ရွာသစ်တိုက်ပွဲ၌ ကျဆုံးခဲ့သော KNDF B-15 မှ ရဲဘော်တစ်ဦးကိုလည်း အာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း KNDFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။