Connect with us

Hi, what are you looking for?

News

သင်္ကြန်ပွဲ​​တော် ပျော်ပွဲ၊ရွှင်ပွဲများကို မပါဝင်ဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ပြည်သူလူထုသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။

(ယခုနှစ် သက်ြန်ပွဲ​တော်ကျင်းပရန် စစ်​ကောင်စီမဏ္ဏပ်​ဆောက်လုပ်​နေစဥ်)

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြ၍ တိုင်းပြည်၏ အခြေအနေအရပ်ရပ်သည် ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမည့် အတုအယောင် “အပျော်သင်္ကြန်”နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို ပြည်သူများအနေဖြင့် လုံးဝ (လုံးဝ)မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ် မှောက်ကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဧပြီ ၃) တိုက်တွန်းနှိုးဆော်လိုက်သည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးခဲ့ပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် ယင်းကဲ့သို့ သပိတ်မှောက်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

လက်ရှိကာလသည် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲ၊ရွှင်ပွဲ ပွဲလမ်းသဘင်များ မကျင်းပ၊ မဆောင်ရွက်ကြရန်လည်း GSCB က အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် “တော်လှန်သင်္ကြန်”ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း တော်လှန်အင်အားစုများက အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။