Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်ပွဲ​​တော် ပျော်ပွဲ၊ရွှင်ပွဲများကို မပါဝင်ဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

ပြည်သူလူထုသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။

(ယခုနှစ် သက်ြန်ပွဲ​တော်ကျင်းပရန် စစ်​ကောင်စီမဏ္ဏပ်​ဆောက်လုပ်​နေစဥ်)

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြ၍ တိုင်းပြည်၏ အခြေအနေအရပ်ရပ်သည် ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမည့် အတုအယောင် “အပျော်သင်္ကြန်”နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို ပြည်သူများအနေဖြင့် လုံးဝ (လုံးဝ)မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ် မှောက်ကြရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဧပြီ ၃) တိုက်တွန်းနှိုးဆော်လိုက်သည်။

ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးခဲ့ပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် ယင်းကဲ့သို့ သပိတ်မှောက်ရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

လက်ရှိကာလသည် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲ၊ရွှင်ပွဲ ပွဲလမ်းသဘင်များ မကျင်းပ၊ မဆောင်ရွက်ကြရန်လည်း GSCB က အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ကြောင်း ဖော်ပြထားသည်။

ပြည်သူလူထုသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် “တော်လှန်သင်္ကြန်”ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း တော်လှန်အင်အားစုများက အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်သို့ လေယာဉ်နှစ်ကြိမ်ပျံဝဲခဲ့ပြီး ဒေသခံများအားလုံး မြို့မှ တိမ်းရှောင်ထွက်ပြေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သားအနေဖြင့် ပြည်သူနှင့်ပူးပေါင်းကြရန်တိုက်တွန်းပြီး တိုက်ပွဲမခင်အချိန်ထိ ပြည်သူရင်ခွင်ခိုလှုံခွင့်ပြုထားဟု လည်း၎င်းကဆက်​ပြောသည်။