Connect with us

Hi, what are you looking for?

News

Visa၊ Master အပါအဝင် နိုင်ငံခြား​ငွေဘဏ်အ​ကောင့်များ၏ ဝန်​ဆောင်မှုအားလုံး ပြည်တွင်း၌သုံးမရ​တော့

“VISA ကတ်တွေ သုံးလို့မရတော့ဘူး။ ငွေလွှဲတာကို အခု မနက်မှာပဲ ပိတ်ထားတယ်”ဟု KBZ VISA ကတ်ကိုင်ထားသူတစ်ဦးကပြောသည်။

●နိုင်ငံခြားသို့​ငွေလွှဲခြင်းကို ဧပြီ ၄ရက်မှစ၍မရ​တော့

မြန်မာနိုင်ငံတွင် VISA၊ Master ကတ်အပါအဝင် နိုင်ငံခြားငွေဘဏ်အကောင့်များယ​နေ့( ဧပြီ ၄ ရက်)မှစ၍ သုံးစွဲမရတော့ကြောင်း ကိုယ်တိုင်အသုံးပြုသူများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၃ရက် (တနင်္ဂနွေနေ့)တွင် နိုင်ငံခြားသုံးငွေများကို ကန့်သတ်လိုက်ပြီးနောက် နိုင်ငံခြားငွေထည့်သွင်းထားသည့် ဘဏ်အကောင့်များကိုပါ ပြည်တွင်းဘဏ်များက ငွေလွှဲခွင့်ပိတ်လိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဘဏ်လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

VISA ၊ Master ကတ်များအပါအဝင်နိုင်ငံခြားဘဏ်အ​ကောင့်များကို ပြည်တွင်း၊ပြည်ပ​ငွေလွှဲခြင်းများအပြင် မည့်သည့်လုပ်ငန်းစဥ်များကိုမှ လုပ်​ဆောင်၍ မရ​အောင် ပိတ်ထားသည်ဟု သုံးဆွဲသူများက​ပြောသည်။ထိုသို့ ဝန်​ဆောင်မှုများ ရပ်နားသွားခြင်းအ​ပေါ် ပြည်တွင်းပုဂ္ဂလိကဘဏ်များက သုံးစွဲသူများထံ တစုံတရာအကြောင်းကြားခြင်းမရှိဘဲ ငွေလွှဲဝန်ဆောင်မူကို ရပ်တန့်ခဲ့ခြင်းဖြစ်သည်ဟု သုံးဆွဲသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“VISA ကတ်တွေ သုံးလို့မရတော့ဘူး။ ငွေလွှဲတာကို အခု မနက်မှာပဲ ပိတ်ထားတယ်”ဟု KBZ VISA ကတ်ကိုင်ထားသူတစ်ဦးကပြောသည်။

အခြားပြည်သူတစ်ဦးကလည်း ၎င်းကို ဘဏ်ဘက်က ယခုရပ်ဆိုင်းထားရခြင်းမှာ ဗဟိုဘဏ်၏ ညွန့်ကြားချက်ကြောင့်ဖြစ်ပြီး ပြန်လည် အသုံးပြုနိုင်မည့် ရက်ကို မသိရသေးဟု အကြောင်းပြန်သည်ဟု ​ပြောသည်။

“ဖုန်းငွေဖြည့်လို့တောင်မရဘူး”ဟု VISAကတ်သုံးဆွဲသူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ပြည်ပငွေလွှဲခြင်းများကို ဧပြီ ၄ ရက်က စတင်၍ နိုင်ငံခြားသုံးငွေကြီးကြပ်မူကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဟု ကန့်သတ်လိုက်ခြင်းကြောင့် ယခု ဘဏ်များက အကောင့်များကို ပိတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းဘဏ်တခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်းသို့​ငွေလွှဲပါကလည်း နိုင်ငံခြားဝင်​ငွေကိုတစ်ရက်အတွင်း ပြည်တွင်းဘဏ်များသို့ ၁ ​ဒေါ်လာလျှင် ၁၈၅၀ကျပ်ဖြင့် ​မဖြစ်မ​နေ​ရောင်းရန် စစ်​ကောင်စီကဖိအား​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီသည် ၂၀၂၄ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ပြည်ပကို ဆန်တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့ခဲပြီး နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀၀ ကျော်ရရှိထားသည်။

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။