Connect with us

Hi, what are you looking for?

News

ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင်းအထန်ထိခိုက်ခဲ့ပြီး အထိနာသွား သောကြောင့် ထိန်နှစ်ပင်ကျေးရွာအဝင်အထွက်အား အချိန်အတန်ကြာပိတ်ဆိုးထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ယာဥ်တစ်စီးကို ပဒေသာ မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း From Zero To Hero(ZTH)အဖွဲ့က ယနေ့(ဧပြီ ၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီခန့်က ထန်းတပင်မြို့နယ် အနောက်ပိုင်းတက္ကသိုလ်အနီး ဗုံးတစ်လုံးကို အရောင်ပြဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါဖောက်ခွဲမှုကြောင့် နံနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်သားများ ယာဥ်တစ်စီး နှင့်ရောက်ရှိလာရာ ရွာသစ်နှင့် ထိန်နှစ်ပင်ကျေးရွာကြား အရောက်တွင် ပဒေသာမိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီကောင်တွေ ရွာထဲရှိတယ်ထင်ပြီး ခေါ်မိုင်းနဲ့စခေါ်တယ်။ ဒီကောင်တွေ မရှိမှန်းသိတော့ တွက်ဆပြီး ပဒေသာ နဲ့ခွဲပေးလိုက်တယ်”ဟု ZTH တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင်းအထန်ထိခိုက်ခဲ့ပြီး အထိနာသွား သောကြောင့် ထိန်နှစ်ပင်ကျေးရွာအဝင်အထွက်အား အချိန်အတန်ကြာပိတ်ဆိုးထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိအခြေအနေတွင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့် လုပ်ဆောင် နေခြင်းကြောင့် ပြည်သူများ သတိထားသွားလာကြရန်နှင့် အကူအညီများပေးကြရန် ZTH တပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။