Connect with us

Hi, what are you looking for?

News

ပြည်သူများအ​နေဖြင့် သင်္ကြန်မဏ္ဍပ်များသို့ သွား​ရောက်ခြင်းမပြုရန် စစ်ကိုင်းတိုင်းရှိ မြို့ပြ​​​ပြောက်ကျားတပ်ဖွဲ့များ သတိ​ပေး

စစ်အာဏာရူးစစ်ကောင်စီကကျင်းပသော မုံရွာမြို့ပေါ်အတွင်းရှိ ရေကစားမဏ္ဍပ်များကို သွားရောက်ရေကစားခြင်းများ မပြုလုပ်ကြပါရန် မုံရွာမြို့ရှိ မြို့ပြပြောက် ကျားမဟာမိတ် သုံးဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ရွှေဘိုမြို့တို့ရှိ ပြည်သူများအ​နေဖြင့် လာမည့်နှစ်သစ်ကူးသင်္ကြန်ကာလတွင် အကြမ်းဖက်စစ်ကောင်စီ၏ မဏ္ဍပ်များသို့ သွားရောက်ခြင်းမပြုရန် ဒေသတွင်းအခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက သတိပေးသည်။

စစ်အာဏာရူးစစ်ကောင်စီကကျင်းပသော မုံရွာမြို့ပေါ်အတွင်းရှိ ရေကစားမဏ္ဍပ်များကို သွားရောက်ရေကစားခြင်းများ မပြုလုပ်ကြပါရန် မုံရွာမြို့ရှိ မြို့ပြပြောက် ကျားမဟာမိတ် သုံးဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကောင်စီ၏ ရေကစားမဏ္ဍပ်များကို မဟာမိတ်သုံးဖွဲ့မှ Mission များပြုလုပ်နေချိန် လာရောက်ရေကစားနေပါက ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပြီး သွားရောက်သူများ ၏ လုံခြုံရေး အာမခံနိုင်မည်မဟုတ်ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့၊ Monywa Generations Tigersနှင့် Monywa Special ဒိတ်ဒိတ်ကြဲ PDFတို့က သတိပေးသည်။

Public Service Announcement

“ပြည်သူတွေသင်္ကြန်ရက်ကို အိမ်မှာနေပေးခြင်းဖြင့် ကျွန်တော်တို့လုပ်ဆောင်မယ့် Mission များကို ဝိုင်းဝန်းကူညီပေးစေချင်ပါတယ်။ ပြည်သူများကို ယခုလိုသတိပေးချက်ထုတ်တာဟာ ပြည်သူတွေကို အာဏာရှင်ဆန်စွာ လုပ်ဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့သည် ပြည်သူ့ စစ်သားဖြစ်တဲ့အတွက် ပြည်သူကိုသာအဓိက အားကိုးရာပြည်သူသည်သာ ကျွန်တော်တို့ရဲ့ အရေးကြီးသောအရာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို ထိခိုက်စေလိုတဲ့အချက်တွေ မရှိသောကြောင့်ထုတ်ပြန်ထားသောစည်းကမ်းချက်များကိုလိုက်နာစေချင်ပါတယ်။”ဟု ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျင်းပမည့် သင်္ကြန်ကို လည်ပတ်ခြင်းမပြုကြရန် ရွှေဘိုမြေပြင်သတင်းအဖွဲ့က သတိပေးသည်။

စစ်ကောင်စီတပ်က ကျင်းပမည့် သင်္ကြန်အားသွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ ဓာတ်ပုံဆရာများလည်း သွားရောက်ရိုက်ကူးခြင်းမပြုကြရန်နှင့် သွားရောက်ရိုက်ကူးသည်ကို သိရှိပါက Social Punishment ပြုလုပ်သွားမည်ဖြစ်​ကြောင်း ​ရွှေဘိုမြေပြင်သတင်းအဖွဲ့က ဧပြီ ၄ရက်တွင် ထုတ်ပြန်သတိပေးသည်။

“ဓါတ်ပုံဆရာများ ထမင်းအိုးမကွဲစေချင်ရင် သွားမရိုက်ကြပါနဲ့။ ယိမ်းအကမယ်လေးများလည်း စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ သွားရောက်ဧည့်ခံပါက ပွဲပြီးမှမျက်ရည်ခြူပြီး သနားအောင်မလုပ်ပါနဲ့။ တားမြစ်တဲ့ကြားကနေ သွားရောက်ဧည့်ခံပါက နောက်ဖြစ်လာမယ့်အကျိုးဆက်ကို တာဝန်ယူမည်မဟုတ်။ ဒီလောက်တားမြစ်ထားတဲ့ကြားကနေ သွားရောက်ကစားလို့ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါ။”ဟု ရွှေဘိုမြေပြင်သတင်းအဖွဲ့က သတိပေးထားသည်။

မုံရွာမြို့နည်းတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စစ်ကောင်စီက အေးချမ်းတည်ငြိမ်နေသယောင်ဖြင့် သင်္ကြန် ရေကစားမဏ္ဍပ်များတည်ဆောက်ကာ အတုအယောင်သ​င်္ကြန်အား ပြုလုပ်ရန်စီစဥ်နေပြီး PDF အဖွဲ့များကလည်း ပါဝင်ခြင်းမပြုရန် ပြည်သူများအား မေတ္တာရပ်ခံ​နေ သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook