Connect with us

Hi, what are you looking for?

LuduNwayOo

News

Project Dragonfly အလှူငွေကောက်ခံမှု သုံးရက်အတွင်း သတ်မှတ်ပမာဏထက် ကျော်လွန်

ယင်း Project Dragonfly ကို မတ်လ ၃၁ ရက် ညနေပိုင်းက စတင်၍ ၁၀ရက်အတွင်း ကျပ်သိန်း ၁၃,၀၀၀ သတ်မှတ်၍ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ UAE၊ ဂျပန်နှင့် ကိုရီးယား အစရှိသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးမှ ပြည်သူများထံ အလှူခံ​ခြင်းဖြစ်ပြီးသုံး ရက်အတွင်း သတ်မှတ်ပမာဏ ပြည့်မီခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်​နေမှုကို တားဆီးနိုင်ရန် Project Dragonfly အမည်ဖြင့် အလှူငွေကောက်ခံ​နေရာ သုံးရက်အတွင်း သတ်မှတ်ပမာဏထက် ကျော်လွန်ခဲ့ကြောင်း Click2donate က ယနေ့ (ဧပြီ ၆) ထုတ်ပြန်သည်။

ယင်း Project Dragonfly ကို မတ်လ ၃၁ ရက် ညနေပိုင်းက စတင်၍ ၁၀ရက်အတွင်း ကျပ်သိန်း ၁၃,၀၀၀ သတ်မှတ်၍ စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ UAE၊ ဂျပန်နှင့် ကိုရီးယား အစရှိသည့် ပြည်တွင်း၊ ပြည်ပ နိုင်ငံအသီးသီးမှ ပြည်သူများထံ အလှူခံ​ခြင်းဖြစ်ပြီးသုံး ရက်အတွင်း သတ်မှတ်ပမာဏ ပြည့်မီခဲ့ခြင်း ဖြစ်သည်။

“PROJECT DRAGONFLY ဟာ အခုဆိုရင် ကျွန်တော်တို့ ပထမထားခဲ့တဲ့ Target ပမာဏကို ကျော်လွန်သွားခဲ့တာ Day3 ကတည်းက ဖြစ်ပါတယ်ခင်ဗျာ။ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်တွေ ပြည်သူတွေရဲ့ နာကျည်းတဲ့စိတ်တွေဟာ ဒီပရောဂျက်မှာ ထပ်မံသက်သေပြခဲ့ကြပါတယ် ခင်ဗျာ “ဟု Click2donate က ဖော်ပြခဲ့သည်။

ထို့အပြင် ယ​နေ့(ဧပြီ ၆ ရက်)တွင် ဒေါ်လာ ၁မီလီယံ ကျော် အလှူငွေရရှိထားပြီး ဖြစ်သည့်အတွက် အဓိကပစ္စည်းအပြင် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန် ဒေါ်လာ ၁.၅ မီလီယံအထိ ဆက်လက်၍ ကြိုးစားအလှူခံသွားမည် ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်နဲ့ အစ်မပန်ဆယ်လိုတို့ ပိုက်ဆံပြည့်တဲ့ရက်က တိုင်ပင်ကြတယ်။ ဒီအရှိန်ကို ဆက်ထိမ်းထားပြီး ကျွန်တော်တို့ နှစ်ဆအထိ ရအောင်ကြိုးစားကြမလားဆိုပြီးပေါ့။ အစ်မကလဲ သဘောတူတာနဲ့ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ အခုဆိုရင် ဒေါ်လာ 1million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နှစ်ဆရဖို့ နည်းနည်းပဲလိုတော့တာကြောင့် ကျွန်တော်တို့ အရင် ရမယ့်ပစ္စည်းတွေထက် နှစ်ဆအထိ ရရှိဖို့အရမ်းနီးစပ်သွားခဲ့ပါပြီ အဓိကပစ္စည်းအပြင် လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အတွက်ပါ တခါထဲရေမီးစုံ complete package ရဖို့ ကျွန်တော်တို့ ပြည်သူ့အားကို ယုံကြည်ချက်နဲ့ 1.5Million ဖိုးမှာလိုက်ပါပြီ။ 1.5 million ပြည့်တဲ့အထိ ဆက်ပြီး ပြည်သူ့အားကို အားကိုးပါရစေ ခင်ဗျာ “ဟု Click2donate က ရေးသားခဲ့သည်။

မြန်မာပြည်အနှံ့ကို လေကြောင်းမှတစ်ဆင့် ဗုံး​ကြဲတိုက်ခိုက်ကာ ပြည်သူများအား သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်များအား တားဆီးနိုင်ရန် Click2donate နှင့် မပန်ဆယ်လိုတို့ ဦးဆောင်၍ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။

သတင်း

ယခုရက်ပိုင်းတွင်လည်း အဖွဲ့တစ်ခုက ဒလန်ရှင်းသည့် မစ်ရှင်တစ်ခုကို ၎င်းတို့မလုပ်ဆောင်ဘဲ ယင်းမစ်ရှင်ကိုအကြောင်းပြ၍ အလှူငွေကောက်ခံသည့် ဖြစ်စဉ်ရှိ‌သောကြောင့် ‌ကူညီဖြေရှင်းပေးနေရကြောင်း ၎င်းက ဆိုသည်။

သတင်း

ယမန်နေ့ (စက်တင်ဘာ ၂၈ရက်)က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ​၏ (၇)ကြိမ်မြောက် ဘဏ္ဍရေးကော်မရှင် အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။