Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီခန့်ဗဟိုဘဏ်ဒုဥက္ကဌ အိမ်တွင်​သေနတ်ဖြင့်ပစ်ခံရပြီး ရန်ကုန်​ဆေးရုံကြီးတွင်​ သေဆုံး

ဒေါ်သန်းသန်း​ဆွေကို မည်သူ၊မည်သည့်အဖွဲ့အစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိမည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ​ပေ။

(စစ်​ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ​ဒေါ်သန်းသန်း​ဆွေ အစည်းအ​ဝေးတစ်ခုတက်​နေစဥ်)

အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ယ​နေ့နံနက်ပိုင်းက​သေနတ်ဖြင့်ပစ်ခတ်ခံပြီး ရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ကုသစဥ်​သေဆုံးသွားကြောင်း သိရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် နံနက်၉နာရီ ဝန်းကျင်၌ ​သေနတ်သမားကနေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုဥက္ကဌလင်မယားနှစ်ယောက်လုံးပစ်ခတ်ခံခဲ့ရသည်ဟု စစ်​ကောင်စီတပ်နှင့် နီးစပ်​​ပြီး ယုံကြည်ရ​သောသတင်းအရင်းအမြစ်များထံမှသိရသည်။ ​သေနတ်ပစ်ခတ်ခံရပြီး​နောက်၎င်းတို့ကို ရန်ကုန်​ဆေးရုံးကြီးသို့သယ်​ဆောင်ကုသ​ပေး​ခဲ့ခြင်း ဖြစ်သည်။​ ဆေးရုံတွင်​ ဆေးကုသမှုခံယူ​နေစဥ် ဒေါ်သန်းသန်းဆွေမှာ သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရသည်။

ဒေါ်သန်းသန်း​ဆွေကို မည်သူ၊မည်သည့်အဖွဲ့အစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိမည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ​ပေ။

ထိုပစ်ခတ်မူအပြီးတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန် အိမ်ရာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ လာရောက်ပြီး ပိတ်ဆို့စစ်ဆေးမူများပြုလုပ်နေလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဒေါ်သန်းသန်းဆွေသည် အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်းပုဂ္ဂိုလ်များတွင် ပထမဦးဆုံး သေနတ်ဖြင့်ပစ်ခံရသူဖြစ်လာသည်။

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် ပြည်တွင်းဘဏ်များကို ကိုင်တွယ်ရသည့် ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ဘဏ်များရှိ အများပြည်သူငွေများကို ကန့်သတ်ခြင်း၊ CDMဘဏ်ဝန်ထမ်းများကို အရေးယူရန် ဖိအားပေး စသည့်တို့ကို ဦး​ဆောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်ဟု ဘဏ်အသိုင်းအဝိုင်းမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။