Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီခန့်ဗဟိုဘဏ်ဒုဥက္ကဌ အိမ်တွင်​သေနတ်ဖြင့်ပစ်ခံရပြီး ရန်ကုန်​ဆေးရုံကြီးတွင်​ သေဆုံး

ဒေါ်သန်းသန်း​ဆွေကို မည်သူ၊မည်သည့်အဖွဲ့အစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိမည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ​ပေ။

(စစ်​ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ​ဒေါ်သန်းသန်း​ဆွေ အစည်းအ​ဝေးတစ်ခုတက်​နေစဥ်)

အာဏာသိမ်းစစ်ကောင်စီခန့် ဗဟိုဘဏ်ဒုတိယဥက္ကဌ ဒေါ်သန်းသန်းဆွေ နေအိမ်တွင် ယ​နေ့နံနက်ပိုင်းက​သေနတ်ဖြင့်ပစ်ခတ်ခံပြီး ရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ကုသစဥ်​သေဆုံးသွားကြောင်း သိရသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုဏ်ရိပ်မွန်အိမ်ရာရှိ နေအိမ်တွင် နံနက်၉နာရီ ဝန်းကျင်၌ ​သေနတ်သမားကနေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒုဥက္ကဌလင်မယားနှစ်ယောက်လုံးပစ်ခတ်ခံခဲ့ရသည်ဟု စစ်​ကောင်စီတပ်နှင့် နီးစပ်​​ပြီး ယုံကြည်ရ​သောသတင်းအရင်းအမြစ်များထံမှသိရသည်။ ​သေနတ်ပစ်ခတ်ခံရပြီး​နောက်၎င်းတို့ကို ရန်ကုန်​ဆေးရုံးကြီးသို့သယ်​ဆောင်ကုသ​ပေး​ခဲ့ခြင်း ဖြစ်သည်။​ ဆေးရုံတွင်​ ဆေးကုသမှုခံယူ​နေစဥ် ဒေါ်သန်းသန်းဆွေမှာ သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းက သိရသည်။

ဒေါ်သန်းသန်း​ဆွေကို မည်သူ၊မည်သည့်အဖွဲ့အစည်းကပစ်ခတ်လုပ်ကြံသည်ကို ယခုအချိန်အထိမည်သူကမျှ ထုတ်ပြန်ခြင်းမရှိဘဲ မည့်သူက ပစ်ခတ်သည်ကိုလည်းမသိရှိရ​ပေ။

ထိုပစ်ခတ်မူအပြီးတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံရိပ်မွန် အိမ်ရာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များ လာရောက်ပြီး ပိတ်ဆို့စစ်ဆေးမူများပြုလုပ်နေလည်းသိရသည်။

Public Service Announcement

Public Service Announcement

ဒေါ်သန်းသန်းဆွေသည် အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားသည့် ပြည်ထောင်စုအဆင့် ရာထူးအကြီးပိုင်းပုဂ္ဂိုလ်များတွင် ပထမဦးဆုံး သေနတ်ဖြင့်ပစ်ခံရသူဖြစ်လာသည်။

ဒေါ်သန်းသန်းဆွေသည် ဗဟိုဘဏ်တွင် ပြည်တွင်းဘဏ်များကို ကိုင်တွယ်ရသည့် ဒုတိယဥက္ကဌတစ်ဦးဖြစ်ပြီး ဘဏ်များရှိ အများပြည်သူငွေများကို ကန့်သတ်ခြင်း၊ CDMဘဏ်ဝန်ထမ်းများကို အရေးယူရန် ဖိအားပေး စသည့်တို့ကို ဦး​ဆောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်ဟု ဘဏ်အသိုင်းအဝိုင်းမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။