Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ အကြမ်းဖက်မှုကြောင့် မျက်လုံးနှင့်လက်တစ်ဖက်ဆုံးရှုံးခဲ့ရသူ ကလေးသုံးဦးဖခင် လွတ်မြောက်နယ်မြေ၌ ဆေးကုသနေ

စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဇော်၏ ပေးဆပ်စွန့်လွှတ်နိုင်မှုကို လေးစားရကြောင်း ကလေးမြို့ခံများကလည်း မှတ်ချက်ပြုကြသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ လူထုသပိတ်စတင်သည့် တာဟန်းခံတပ်အား စစ်ကောင်စီတပ်က ဖြိုခွင်းစဥ် ကိုယ်လက်အဂ်ါ ဆုံးရှုံးခဲ့ရသော ကလေးသုံးဦး၏ဖခင်ကို ပြည်သူ့ကာကွယ်ရေးနှင့်ထောက်ပံ့ရေးအဖွဲ့က လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ဆေးကုသပေးနေ သည်။

နာမည်ကျော် တာဟန်းခံတပ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ဧပြီ ၇ ရက်တွင် ဖြိုခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူငါးဦးကျဆုံးခဲ့သည်။ ကလေးမြို့ပင်မသပိတ်ကော်မတီဝင်ဖြစ်ပြီး Kalay Civil Army (KCA) တည်ထောင်ရာတွင် ဦးဆောင်သူဖြစ်သော ဦးဇော်သည် ယင်းနေ့တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ဘယ်ဖက်မျက်လုံးအမြင်ဆုံးရှုံးခဲ့ပြီး ညာဘက်လက် ဖြတ်တောက်လိုက်ရသည်။ ထို့အပြင် ဘယ်ဖက်လက်သန်းလည်း ပြတ်တောက်သွားပြီး ခန္တာကိုယ်၌ ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။

ယခုအခါ ဦး​ဇော်ကို လွတ်မြောက်နယ်မြေတစ်ခုတွင် ဆေးကုသမှုခံယူနေသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ထောက်ပံရေးအဖွဲ့ Kalay Crisis Support Team (KCST)က ဧပြီ ၈ရက်တွင် အသိ​ပေးထား သည်။

” လူမမယ် ကလေး၃ယောက်ရဲ့ အဖေ၊စက်ချုပ်ဆရာ၊ကလေးမြို့ ပင်မသပိတ်ကော်မတီဝင်၊
Kalay Civil Army (KCA) တည်ထောင်ရာတွင် ဦးဆောင်သူ၊7 Aprl 2021 မနက် မိုးသောက် တာဟန်းခံတပ် အား သာလွန်အင်အားဖြင့် ဖြိုခွင်းရာတွင် မျက်လုံးတဘက်၊ ညာဘက် လက်အားပေးဆပ်၊ ဘယ်ဘက် လက်သန်းစွန့်လွတ်၊ ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာများစွာရရှိသူအား တနှစ်အကြာတွင် KCST& PDF Kalay တို့ ပူးပေါင်းမှုဖြင့် လွတ်မြောက်နယ်မြေတနေရာတွင်ဆေးကုလျှက်ရှိနေပါသည်” ဟု KC STက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်တော်လှန်ရေးတွင် ဦးဇော်၏ ပေးဆပ်စွန့်လွှတ်နိုင်မှုကို လေးစားရကြောင်း ကလေးမြို့ခံများကလည်း မှတ်ချက်ပြုကြသည်။

” ဦးဇော်ကသိပ်ပြီး လူသားဆန်တဲ့သူ။ အေးဆေးနေတတ်တဲ့သူ။ နွေဦးတော်လှန်ရေးမှာတော့ သူ တက်တက်ကြွကြွပါဝင်လာတယ်။ သူ့ပေးဆပ်မှုကို ကျွန်တော်တို့ မြို့ခံတွေက အမြဲမသိအမှတ်ပြုပါတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ဦးဇော်သည် ဘက်ဖက်မျက်လုံးအမြင်ကွယ်သွားသလို ညာဘက်မျက်လုံးမှာလည်း အမြင်အာရုံ၄၀ ရာခိုင်နှုန်းသာ ရရှိတော့သည်ဟု ၎င်း၏ မိတ်ဆွေတစ်ဦးကပြောသည်။

ကလေးမြို့ တာဟန်းခံတပ်သည် စစ်ကောင်စီအား ပြည်သူလူထုက လက်နက်ကိုင်ခုခံတော်လှန်သည့် နိုင်ငံရေးသမိုင်းတွင် အထင်ကရရှိခဲ့သည်။ စစ်တပ်က နိုင်ငံတော်အာဏာ အဓမ္မသိမ်းယူပြီး တစ်လခန့်အကြာတွင် တစ်နိုင်ငံလုံးအနှံ့ အရှိန်အဟုန်ကြီးလာသည့် လူထုသပိတ်များအနက် အစောဆုံး ဖြိုခွင်းခံရသည့် သပိတ်လည်းဖြစ်သည်။

တာဟန်းသပိတ်ဖြိုခွင်းခံရပြီးနောက် လူငယ်နှင့် လူလတ်ပိုင်းများက အဓိကဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းကာ လက်နက်ကိုင်ခုခံတော်လှန်ရေးကို ပီပြင်အောင် အကောင်အထည်ဖော်ခဲ့ကြသည်။ ယခုအခါ ကလေးမြို့နယ်တွင် PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အင်အားကောင်းကောင်းနှင့် စုစုစည်းစည်းရှိနေပြီဖြစ်ပြီး စစ်ကောင်စီကို ဗျူဟာကျကျ ပြန်လည်ခုခံတိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။