Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်တွင်း – ကလေးဝလမ်းပိုင်း ခေတ္တပိတ်ထား၍ ပြည်သူများသွားလာခြင်း မပြုလုပ်ကြရန်သတိပေး

မင်းကင်းမြို့နယ် တောင်တွင်းဒေသနှင့် ကလေးဝ၊ ကလေးမြို့များသို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးအား သွားလာခြင်းများ မပြုလုပ်ကြရန် ဧပြီ ၈ရက်က ထပ်မံအသိပေး အကြောင်းကြားကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တောင်တွင်း – ကလေးဝလမ်းပိုင်း ခေတ္တပိတ်ထားပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော ခရီးသွားကားတစ်စီး မိုင်းထိခဲ့ခြင်း နှင့် ပတ်သက်၍ အများပြည်သူ များသိရှိရန် တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်)က ထုတ်ပြန်သည်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသနှင့် ကလေးဝ၊ ကလေးမြို့များသို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးအား သွားလာခြင်းများ မပြုလုပ်ကြရန် ဧပြီ ၈ရက်က ထပ်မံအသိပေး အကြောင်းကြားကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

၎င်းတို့အနေဖြင့် ပြီးခဲ့သည့် မတ်လ၂၅ရက်ကလည်း သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သလို မိဘပြည်သူများ သတိထားသွားလာနိုင်ရန် အချိန်နှင့် တစ်ပြေးညီအကြိမ်ကြမ် သတိပေးချက်များကို ထုတ်ပြန်ပေးခဲ့ ကြောင်း၊ ဧပြီ ၅ ရက်က ဖြစ်စဥ်နှင့်ပတ်သက်၍ အနည်းငယ်တင်ပြလိုသည်မှာ ထိုနေ့က အကြမ်းဖက်စစ်ကားနှစ်စီးနှင့် ကပ်လျက်လိုက်ပါ လာ‌သော Honda Fitကားတစ်စီးမှာ မတော်တဆထိခိုက်သွားခဲ့ပြီး ခရီးသွားပြည်သူ ခြောက်ဦး စိတ်မကောင်းစွာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် မိမိတို့အနေဖြင့် လက်နက်အင်အားမမျှတသောကြောင့် အကြမ်းဖက် စစ်ကောင်စီ အား လက်လုပ်တူးမီး၊ မိုင်းတို့ကိုသာ အဓိကထားပြီး ပြောက်ကျား တိုက်ခိုက်နေကြောင်း၊ အပြစ်မဲ့ ပြည်သူများမထိခိုက်ရန် အလေးထား ဆောင်ရွက်နေရင်းကပင် ယခုလိုမတော်တဆ ထိခိုက်သွားခဲ့ရခြင်းဖြစ်ကြောင်း ထပ်မံ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အဆိုပါကားဟာ စကစရှေ့ပြေးကားလား ၊ ပြည်သူကားလား အတည်မပြုနိုင်ခဲ့တဲ့အပြင် မိုင်းများကိုလည်း အချိန်မှီ မရှင်းလင်းနိုင်ခဲ့ပါဘူး။အသက်ဆုံးရှုံးသွားသော ပြည်သူခြောက်ဦး အတွက် မိသားစုနှင့် ထပ်တူခံစား ရပါသည်။ဒေသခံပြည်သူများအနေနဲ့ အခုလိုအဖြစ်မျိုး နောက်နောင် မဖြစ်ပေါ်စေရန်သတိပေး ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်”ဟု တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

မဖြစ်မနေ အရေးကြီးသည့် ကိစ္စရှိ၍ သွားရမည်ဆိုပါက People Defence Force Taung Dwin Region-Mingin၏ Facebook Page Messenger သို့ ကြိုတင်အကြောင်းကြားပေးစေ လိုကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

စစ်ပွဲ၌ စစ်ရေးပီပီပြင်ပြင် ပြုမူတုန့်ပြန်ရသည်ကို လက်ခံနိုင်သော်လည်း စစ်ရေးကျင့်ဝတ်နှင့် မလျော်ညီသည်များကိုအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခွင့်ပြု၍ မရကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။