Connect with us

Hi, what are you looking for?

News

တောင်တွင်း – ကလေးဝလမ်းပိုင်း ခေတ္တပိတ်ထား၍ ပြည်သူများသွားလာခြင်း မပြုလုပ်ကြရန်သတိပေး

မင်းကင်းမြို့နယ် တောင်တွင်းဒေသနှင့် ကလေးဝ၊ ကလေးမြို့များသို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးအား သွားလာခြင်းများ မပြုလုပ်ကြရန် ဧပြီ ၈ရက်က ထပ်မံအသိပေး အကြောင်းကြားကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တောင်တွင်း – ကလေးဝလမ်းပိုင်း ခေတ္တပိတ်ထားပြီး ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော ခရီးသွားကားတစ်စီး မိုင်းထိခဲ့ခြင်း နှင့် ပတ်သက်၍ အများပြည်သူ များသိရှိရန် တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်)က ထုတ်ပြန်သည်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသနှင့် ကလေးဝ၊ ကလေးမြို့များသို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးအား သွားလာခြင်းများ မပြုလုပ်ကြရန် ဧပြီ ၈ရက်က ထပ်မံအသိပေး အကြောင်းကြားကြောင်း တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

၎င်းတို့အနေဖြင့် ပြီးခဲ့သည့် မတ်လ၂၅ရက်ကလည်း သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်သလို မိဘပြည်သူများ သတိထားသွားလာနိုင်ရန် အချိန်နှင့် တစ်ပြေးညီအကြိမ်ကြမ် သတိပေးချက်များကို ထုတ်ပြန်ပေးခဲ့ ကြောင်း၊ ဧပြီ ၅ ရက်က ဖြစ်စဥ်နှင့်ပတ်သက်၍ အနည်းငယ်တင်ပြလိုသည်မှာ ထိုနေ့က အကြမ်းဖက်စစ်ကားနှစ်စီးနှင့် ကပ်လျက်လိုက်ပါ လာ‌သော Honda Fitကားတစ်စီးမှာ မတော်တဆထိခိုက်သွားခဲ့ပြီး ခရီးသွားပြည်သူ ခြောက်ဦး စိတ်မကောင်းစွာ အသက်ဆုံးရှုံးသွားခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် မိမိတို့အနေဖြင့် လက်နက်အင်အားမမျှတသောကြောင့် အကြမ်းဖက် စစ်ကောင်စီ အား လက်လုပ်တူးမီး၊ မိုင်းတို့ကိုသာ အဓိကထားပြီး ပြောက်ကျား တိုက်ခိုက်နေကြောင်း၊ အပြစ်မဲ့ ပြည်သူများမထိခိုက်ရန် အလေးထား ဆောင်ရွက်နေရင်းကပင် ယခုလိုမတော်တဆ ထိခိုက်သွားခဲ့ရခြင်းဖြစ်ကြောင်း ထပ်မံ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အဆိုပါကားဟာ စကစရှေ့ပြေးကားလား ၊ ပြည်သူကားလား အတည်မပြုနိုင်ခဲ့တဲ့အပြင် မိုင်းများကိုလည်း အချိန်မှီ မရှင်းလင်းနိုင်ခဲ့ပါဘူး။အသက်ဆုံးရှုံးသွားသော ပြည်သူခြောက်ဦး အတွက် မိသားစုနှင့် ထပ်တူခံစား ရပါသည်။ဒေသခံပြည်သူများအနေနဲ့ အခုလိုအဖြစ်မျိုး နောက်နောင် မဖြစ်ပေါ်စေရန်သတိပေး ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်”ဟု တောင်တွင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

မဖြစ်မနေ အရေးကြီးသည့် ကိစ္စရှိ၍ သွားရမည်ဆိုပါက People Defence Force Taung Dwin Region-Mingin၏ Facebook Page Messenger သို့ ကြိုတင်အကြောင်းကြားပေးစေ လိုကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မင်းကင်းမြို့နယ်ကို ကျော်ပြီး ကလေးဝမြို့နယ်အတွင်း ရောက်ရှိလာသည်။

သတင်း

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသည့် က​လေးဝ - မော်လိုက်ကားလမ်းပိုင်းအား ‌ အသုံးမပြုဘဲ ရေကြောင်းလမ်းသာအသုံးပြုကြရန် က​လေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)က သတင်းထုတ်ပြန်သည်။