Connect with us

Hi, what are you looking for?

News

ချောင်းဦးတွင် မဟာမိတ်လေးဖွဲ့က စစ်ကောင်စီတပ်အား မိုင်းကွင်းသို့ မျှားခေါ်ပြီး မိုင်းခွဲတိုက်ခိုက်ရာ ​ခြောက်ဦး​သေဟုဆို

ကံကြီးကုန်းကျေးရွာသည် ပျူစောထီးအားကောင်းသောရွာတစ်ရွာဖြစ်ပြီး စစ်တပ်များလည်းရှိနေကာ ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့် မကြာခဏ တိုက်ခိုက်နေကြသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မဟာမိတ်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အယောင်ပြပစ်ခတ်ပြီး မိုင်းကွင်းသို့ မျှားခေါ်၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား​ခြောက်ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာတွင် တပ်စွဲ​နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှာ အနီး အနားကျေးရွာများသို့ ကင်းလှည့်သွားလာနေသည်ကို ကြားသိရသောကြောင့် ၎င်းတို့ လာရောက်မည့် လမ်းကြောင်းများမှ မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေရာ အချိန်ကြာမြင့်လာသည့်အတွက် ၎င်းတို့ရှိရာ နေရာသို့ သွားရောက်ပြီး ၄၀ (မမ)သုံးလုံးနှင့် Shotgun များ ပစ်ခတ်ပြီး မိုင်းကွင်းထဲမျှားခေါ်ခဲ့ကြောင်း Chaung U Local Defence Force (CHULDF)က ပြောသည်။

မိုင်းကွင်းထဲသို့ စစ်သား​ခြောက်ဦး ရောက်ရှိချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားခြောက်ဦးလုံး ထိုနေရာမှာပင် သေဆုံးခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်ဘက်မှ အာပီဂျီ (RPG)များဖြင့် ပစ်ခတ်သောကြောင့် မိုင်းထိမှန်သေဆုံးသွားသော စစ်သားများ​၏ လက်နက်ပစ္စည်းများကို မသိမ်းဆည်းနိုင်ခဲ့ဘဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း CHULDFက ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို Chaung U Local Defence Force (CHULDF) နှင့် MGN 35 ပျောက်ကြားတပ်ဖွဲ့၊ The Value of Young Men၊ Myaung Fighter Defense Force စသည့် တော်လှန်ရေးမဟာမိတ် ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မဟာမိတ်အဖွဲ့များထံ ဆက်သွယ်​မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ကံကြီးကုန်းကျေးရွာသည် ပျူစောထီးအားကောင်းသောရွာတစ်ရွာဖြစ်ပြီး စစ်တပ်များလည်းရှိနေကာ ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့် မကြာခဏ တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။