Connect with us

Hi, what are you looking for?

LuduNwayOo

News

ပိ​တောက်စစ်ဆင်​ရေးအရ ​နေရာသုံးခု၌ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု မြေအောက်ရဲဘော်မဟာမိတ်အင်အားစု အသိ​ပေး

လက်ရှိတွင် ရန်ကုန်မြို့၌ အကြမ်းဖက်စစ် ကောင်စီကို နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် မြေအောက်တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

(ရန်ကုန်မြို့ ဘိုကလေးဈေးနှင့် အနော်ရထာလမ်းထောင့်တွင် စစ်​ကောင်စီက လမ်းပိတ်ဆို့ထားသည်ကို ​တွေ့ရစဥ်)

သင်္ကြန်အကြိုကာလ ပိတောက်စစ်ဆင်ရေးအနေဖြင့် ​နေရာသုံးခုတွင် ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မြေအောက်ရဲဘော်မဟာမိတ်အင်အားစုက ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီ ၆ ရက်က သခင်မြပန်းခြံအနီးရှိ စစ်ကောင်စီထောက်တိုင် အေးနေဝင်းမိသားစုပိုင်သည့် YBS တစ်စီးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး​နောက် ဧပြီ ၈ ရက်တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အနီးရှိ စစ်ကားနှင့် ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ဧပြီ ၁၁ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်၌ မိုင်းအယောင်ပြဖောက်ခွဲသောကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများရောက်ရှိလာချိန်၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအသိ​ပေးထားသည်။

Public Service Announcement

အဆိုပါစစ်ဆင်ရေးများတွင် မြေအောက်ရဲဘော်အင်အား စုအဖွဲ့သားများအားလုံးဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အဝေးဆုံးနေရာများတွင်သာ လှုပ်ရှားသွားလာရန် မြေအောက်ရဲဘော်အင်အားစုက တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရန်ကုန်မြို့၌ အကြမ်းဖက်စစ် ကောင်စီကို နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် မြေအောက်တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။