Connect with us

Hi, what are you looking for?

News

ပိ​တောက်စစ်ဆင်​ရေးအရ ​နေရာသုံးခု၌ ​ဖောက်ခွဲတိုက်ခိုက်ခဲ့ဟု မြေအောက်ရဲဘော်မဟာမိတ်အင်အားစု အသိ​ပေး

လက်ရှိတွင် ရန်ကုန်မြို့၌ အကြမ်းဖက်စစ် ကောင်စီကို နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် မြေအောက်တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

(ရန်ကုန်မြို့ ဘိုကလေးဈေးနှင့် အနော်ရထာလမ်းထောင့်တွင် စစ်​ကောင်စီက လမ်းပိတ်ဆို့ထားသည်ကို ​တွေ့ရစဥ်)

သင်္ကြန်အကြိုကာလ ပိတောက်စစ်ဆင်ရေးအနေဖြင့် ​နေရာသုံးခုတွင် ဖောက်ခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မြေအောက်ရဲဘော်မဟာမိတ်အင်အားစုက ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီ ၆ ရက်က သခင်မြပန်းခြံအနီးရှိ စစ်ကောင်စီထောက်တိုင် အေးနေဝင်းမိသားစုပိုင်သည့် YBS တစ်စီးကိုဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး​နောက် ဧပြီ ၈ ရက်တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အနီးရှိ စစ်ကားနှင့် ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ဧပြီ ၁၁ရက်ကလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပင်လုံလမ်းမပေါ်၌ မိုင်းအယောင်ပြဖောက်ခွဲသောကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများရောက်ရှိလာချိန်၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအသိ​ပေးထားသည်။

Public Service Announcement

အဆိုပါစစ်ဆင်ရေးများတွင် မြေအောက်ရဲဘော်အင်အား စုအဖွဲ့သားများအားလုံးဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီနှင့် အဝေးဆုံးနေရာများတွင်သာ လှုပ်ရှားသွားလာရန် မြေအောက်ရဲဘော်အင်အားစုက တိုက်တွန်းထားသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ အကြမ်းဖက်စစ် ကောင်စီကို နန်းထိုက်အောင်စစ်ဆင်ရေးအပါအဝင် မြေအောက်တော်လှန်ရေးအဖွဲ့များကလည်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ယုန်လေး​၏ ရုပ်ရှင်ပွဲမသွားရန် GHF တာဝန်ရှိသူတိုက်တွန်း