Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ​ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် ထပ်မံမီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်သည် တစူးရွာကို ယမန်နေ့ကတည်းက ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရမှုရှိကြောင်း Pauk Alliance Group က ဖော်ပြထားသော်လည်း သီးခြား အတည်ပြုချက်မရသေးပေ။

(သက္ကယ်ကျင်း​ကျေးရွာကို စစ်​ကောစ်စီတပ်က မီးရှို့ဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ - Pauk Alliance Group)

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း လက်ပံလှ​ကျေးရွာကို စစ်ကောင်စီတပ်များက ယ​နေ့နံနက်တွင်ဒုတိယအကြိမ်မီးရှို့နေပြီး တစူးရွာနှင့် သက္ကယ်ကျင်း​ကျေးရွာကိုလည်း မီးရှို့နေကြောင်း သတင်းရရှိသည်။

ပေါက်တောင်ပိုင်းရှိ လက်ပံလှရွာမီးရှို့ခံရခြင်းအပေါ် အသေးစိတ်မသိရသော်လည်း မီးရှို့သည့် ဖြစ်စဉ် သေချာနိုင်ကြောင်း ပေါက်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“အခု သူတို့ရှို့နေတာလည်း အဲဒီနားတဝိုက်ကကျေးရွာတွေပဲ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်နှင့် လက်ပါးစေပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေရာ တစ်ပတ်အတွင်း ကျေးရွာ၁၀ရွာထက်မနည်း မီးရှို့ခဲ့သည် ဟု ဒေသခံက ပြောသည်။ ထို့ပြင် ဆိပ်ဖြူနှင့်ပခုက္ကူမြို့နယ်တို့မှ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(သက္ကယ်ကျင်း​ကျေးရွာကို စစ်​ကောစ်စီတပ်က မီးရှို့ဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ – Pauk Alliance Group)

“စစ်ကောင်စီရဲ့ယုတ်မာမှုကို သိပြီးသားပြည်သူတွေအနေနဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုတဲ့အခါမထိခိုက်ရအောင်၊ မသေဆုံးရအောင်၊ မျက်နှာချင်းဆိုင်တွေ့ရင် အဖမ်းမခံရအောင်၊ အသတ်မခံရအောင်

လုံခြုံတဲ့နေရာတွေမှာ ပုန်းရှောင်နေထိုင်ပေးကြပါ” ဟုလည်း Pauk Alliance Groupက တိုက်တွန်းထား သည်။

စစ်ကောင်စီတပ်သည် တစူးရွာကို ယမန်နေ့ကတည်းက ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံများ သေဆုံးဒဏ်ရာရမှုရှိကြောင်း Pauk Alliance Group က ဖော်ပြထားသော်လည်း သီးခြား အတည်ပြုချက်မရသေးပေ။

(သက္ကယ်ကျင်း​ကျေးရွာကို စစ်​ကောစ်စီတပ်က မီးရှို့ဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ – Pauk Alliance Group)

ဧပြီ ၆ရက်ညနေပိုင်းက လက်နက်ခဲယမ်း ကုန်ကြမ်းတင် ယာဉ်သုံးစီးကို စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် ခုနစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဖမ်းမိခဲ့ရာ နောက်နေ့ ဧပြီ ၇ရက်တွင် စစ်ကောင်စီတပ်က ပေါက်မြို့နယ်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု များဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။စစ်ကောင်စီတပ်က မြေပြင်မှ စစ်ကြောင်းထိုးခြင်းအပြင် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းလည်း လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့မှုများကြောင့်ကျောင်းကုန်း၊ ရေကျော်၊ကျွန်းရင်း၊ လယ်သာ၀၊ စညောင်း၊ ညောင်ဂွေး၀၊ တောင်ဖြူ၊ ချောင်းဆုံ၊ မြစ်ဖျား၊ ဒိန်းကွင်း၊ ရှားလှ၊ တောင်ချို၊ တောင်ဘက်၊ ဇီးတော၊ ဘို့မယ်၊ အင်းငယ်ဒေါင့်၊ ကျောက်အိုး၊ တံစူး၊ လက်ပံလှနှင့် သက္ကယ်ကျင်းစသည့် ပေါက်မြို့နယ်ရှိ ကျေးရွာများနှင့် ဆက်စပ်မြို့နယ်များရှိ ကျေးရွာအချို့ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိမ်းရှောင်ရသည့် အရေအတွက်များပြား၍ လူဦးရေကို မခန့်မှန်းနိုင်ကြောင်း ပေါက်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။