Connect with us

Hi, what are you looking for?

News

မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များ ပိုမိုပေးအပ်ကြရန် အမေရိကန်တိုက်တွန်း

စစ်တပ်သည် လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပါအဝင် နိုင်ငံတစ်ဝှမ်းတွင် ကြမ်းကြုတ်ရက်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဆက်လက်ကျူးလွန်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

(စစ်ဘေးရှောင်စခန်းတစ်ခုရှိ စစ်ရှောင်ပြည်သူများက သောက်ရေနှင့် ထမင်းဟင်းချက်ရန် ရေသယ်ယူရန် စောင့်ဆိုင်းနေစဥ်၊ ဓာတ်ပုံ - CleanYangon)

စစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်စပ်လျဉ်းသော အစီရင်ခံစာထုတ်ပြန်

မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းများ ပိုမိုဆိုးရွားလာ၍ လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များပိုမို ပေးအပ်ကြ ရန် အမေရိကန်က ထုတ်ပြန်တိုက်တွန်းသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၁ လူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းနှင့်အတူ အန္တရာယ်နှင့် လက်တစ်ကမ်းတွင်ရှိနေကြသော လူမှုအသိုက်အဝန်းများထံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိ ဘေးကင်း လုံခြုံစွာရောက်ရှိရေးကို ခွင့်ပြုရန်နှင့် လူမှုဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအတွက် စစ်အာဏာရှင်ကို ဖိအားပေးသွားကြရန် ဒေသတွင်း နှင့် အခြားသော စိတ်သဘောထားညီမျှကြသည့် မိတ်ဖက်များကို တိုက်တွန်းသည်။

စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ နောက်ဆက်တွဲအဖြစ် မြန်မာပြည်သူများကို ဖိနှိပ်ရန်နှင့် တစ်နိုင်ငံလုံးကို ထိန်းချုပ်နိုင်ရန် အကြမ်းဖက်မှုများကို အသုံးပြုခဲ့ခြင်းတို့ကြောင့် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး အကြပ်အတည်းများကို ပိုမိုဆိုးဝါးစေခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်တပ်သည် လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပါအဝင် နိုင်ငံတစ်ဝှမ်းတွင် ကြမ်းကြုတ်ရက်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု များကို ဆက်လက်ကျူးလွန်နေကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထို့အပြင် စစ်အာဏာရှင်အဖွဲ့၏ ဥပဒေမဲ့ သို့မဟုတ် တရားလက်လွတ် သတ်ဖြတ်မှုများ၊ အင်အားသုံး၍ အစဖျောက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် တခြား ရက်စက်ပြီး လူမဆန်သည့် (သို့မဟုတ်) ယုတ်ညံ့သည့် အပြုအမူများ (သို့မဟုတ်) အပြစ်ပေးမှုများ၊ ကျား-မ အခြေပြု အကြမ်းဖက်မှုများ၊ တရားလက်လွတ်ဖမ်းဆီးမှု (သို့မဟုတ်) ထိန်းသိမ်းမှု၊ ကြမ်းကြုတ်ပြီး အသက်အန္တရာယ်ကိုခြမ်းခြောက်သည့် ထောင်တွင်းအခြေအနေများကိုလည်း အစီရင်ခံစာ၌ ဖော်ပြသည်။

စစ်အာဏာသိမ်းချိန်မှစ၍ အမေရိကန်သည် မြန်မာပြည်သူများကို အားပေးထောက်ခံခြင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်သည်။

လက်ရှိအချိန်အထိ အမေရိကန်သည် စစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များနှင့် စစ်တပ်အတွက် ဝင်ငွေရှာဖွေပေးနေသော စီးပွားရေးလုပ်ငန်းများအပါအဝင် လူပုဂ္ဂိုလ် ၇၀ ဦးနှင့် လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်း ၂၇ ခုတို့ကို ဒဏ်ခပ်ပိတ်ဆို့အရေးယူခဲ့ပြီးဖြစ်သည်။

စစ်အာဏာရှင်များ၏ အကြမ်းဖက်ရက်စက်မှုများ ရပ်တန့်ခြင်းမရှိပါက ဆက်လက်အရေး ယူမည် ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူအားလုံး တာဝန်ခံမှုရှိစေရေး လုပ်ဆောင်သွားမည်ဟု အမေရိကန်က ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။