Connect with us

Hi, what are you looking for?

News

ကော့ကရိတ်မြို့မရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

ကော့ကရိတ်မြို့မရဲစခန်းအပေါ်တည့်တည့်ကို ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က သေနတ်နဲ့ ဒရုန်းကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မရဲစခန်း ဒီကနေ့ညနေပိုင်းက ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်တာတွေတော့ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်မြို့မရဲစခန်းအပေါ်တည့်တည့်ကို ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလို တိုက်ခိုက်ပြီးတဲ့နောက် စစ်ကောင်စီဘက်က သေနတ်နဲ့ ဒရုန်းကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ အဲ့ဒီဒေသခံတစ်ဦးက ပြောပါတယ်။

“ကော့ကရိတ်မြို့မရဲစခန်းတည့်တည့်မှာ ဒရုန်းလွတ်ပြီးတော့ အလုံးကြီးသွားချတာပေါ့။ ထိခိုက်နစ်နာမှုတွေ ရှိလားမရှိလား မသိဘူး။ သွားလွတ်ချလိုက်တဲ့ အလုံးကြီးတွေ ပေါက်ကွဲသွားတာပေါ့။ ပေါက်ကွဲပြီးတော့ စကစဘက်က သေနတ်တွေနဲ့ ဒရုန်းကိုလိုက်ပစ်တာပေါ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားကော့ကရိတ်ဒေသခံတစ်ဦး ပြောတာကတော့ မြို့မရဲစခန်းအပေါ်ကို ဒရုန်းနဲ့လာပြီး ဗုံးနှစ်လုံး ချသွားခဲ့တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။