Connect with us

Hi, what are you looking for?

News

ဆောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်နေ

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဗျူဟာမှူး နိုမ်းတမ် ကလည်း “ဆောမြို့နယ် ဖိုလယ်ရွာနားမှာ စကစ အင်အား ၅၀လောက် ပိတ်မိနေလို့ စကစဖက်ကနေ လေကြောင်းပစ်ကူပေးနေပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

မကွေးတိုင်း ဆောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် အသုံးပြုပြီး လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ရေးသားဖော်ပြသည်။

“ဆောမြို့နယ် ဖိုလယ်၊ ကြခတ်၊ပေါက်တော၊ကျောက်ဆွဲ ရွာတွေကို စကစ မှ Mi 35 ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီး ဗုံးတွေကြဲချသွားပါတယ် တစ်ချို့ရွာတွေ ကျန်နိုင်ပါတယ် အထိအခိုက်စုံစမ်းဆဲပါ ဘုန်းကြီးကျောင်းတွေပါမချန် မည်းမည်းမြင်ရာ ပစ်ခတ်သွားတာပါ”ဟု ဆောဒေသခံ တစ်ဦးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဗျူဟာမှူး နိုမ်းတမ် ကလည်း “ဆောမြို့နယ် ဖိုလယ်ရွာနားမှာ စကစ အင်အား ၅၀လောက် ပိတ်မိနေလို့ စကစဖက်ကနေ လေကြောင်းပစ်ကူပေးနေပါတယ်” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့ရာ အဆိုပါတပ်မျာကို ဆော ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်( YDF)က သတင်းထုတ်ပြန် ထားသည်။

Public Service Announcement

Public Service Announcement

“ မနေ့က မီးရှို့ခံရတဲ့ပေါက်ဘက်က ရွာတွေက ကျွန်တော်တို့ ဆောနယ်စပ်မှာ။ ဆော ဘက်က အဖွဲ့တွေလည်း ပေါက်ဘက်ကို သွားကူကြတယ်”ဟု ဆောမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ တိုက်ပွဲဖြစ်စဉ် အခြေအနေ များကိုမူ မကြားမိသေးဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က ဆော -ပေါက်နယ်စပ်ရှိ သက္ကယ်ကျင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၇၂လုံး မီးလောင် ပျက်စီးခဲ့သည်ဟု သက္ကယ်ကျင်း သတင်းစုံက ဖော်ပြထားသည်။ သက္ကယ်ကျင်းရွာ အပါအဝင် ပေါက်၊ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်များရှိ ကျေးရွာ၁၅ ရွာထက်မနည်းကို စစ်ကောင်စီတပ်များက တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ဂရိနိုင်ငံမှာ တောမီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ မီးသတ် ရဟတ်ယာဉ် ၂ စီး လေထဲမှာ တိုက်မိရာက ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။