Connect with us

Hi, what are you looking for?

News

သင်္ကြန်ပွဲ​တော် လူထု၏ ဆန္ဒပြသပိတ်များက စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်သည်ကို ပြသနေခြင်းဟု SAC-M ထုတ်ပြန်

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများဆက်လက်ရှိနေသည့်တိုင် ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်ခုခံနေပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ်များချနေကြောင်း SAC-M က ဆိုသည်။

(ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်း လှည်းတန်းခုံးတံတားအောက်တွင် ယနေ့ (ဧပြီ ၁၅)သင်္ကြန်အကြတ်နေ့ ၌ ရန်ကုန်လူထုသပိတ်မှ လူငယ်များက အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆန္ဒပြခဲ့ကြသည်၊ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

မဟာသင်္ကြန်တွင် နိုင်ငံတဝန်းကြီးမားကျယ်ပြန့် သော သပိတ်ဆင်နွှဲများက စစ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူလူထု၏ ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်သည်ကို ပြသနေကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့ SAC-M က ယနေ့ထုတ်ပြန် သည်။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများဆက်လက်ရှိနေသည့်တိုင် ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်ခုခံနေပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ်များချနေကြောင်း SAC-M က ဆိုသည်။

“မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်တဲ့နှစ်ကူးဆန္ဒပြသပိတ်တွေက ဒီမိုကရေစီနည်းကျခုခံမှု ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ကတိကဝတ်ကို အားကောင်းတဲ့သတင်းစကားအဖြစ် အသိပေးလိုက်ပါတယ်။ စစ်တပ်က အခြေအနေပုံမှန်ဖြစ်နေပါပြီလို့ ဖော်ပြလိုပေမယ့် မြန်မာပြည်သူတွေရဲ့ ဆန္ဒပြသပိတ်တွေက အဲဒီလိုမဟုတ်ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ” ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

မြန်မာတို့၏ ရိုးရာသင်္ကြန်ကာလတွင် လူမရှိသော လမ်းမများက စစ်တပ်ကို နိုင်ငံတဝန်းရှိ ပြည်သူလူထုက ဆန့်ကျင်ခုခံကြောင်းပြသသည့်လုပ်ရပ်ဖြစ်ကြောင်း SAC-M က ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူများ ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကြောင်း ပြည်တွင်းရှိ ၎င်းကို ထောက်ခံသူများနှင့် နိုင်ငံတကာကို ပြသရန်ကြိုးစား ခဲ့သော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူလူထု၏ ညီညွတ်မှုဖြင့် သင်္ကြန်ကို ပါဝင် ဆင်နွှဲခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။

စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ ဖျော်ဖြေရေးမဏ္ဍပ်များဆောက်ကာ သင်္ကြန်စည်ကားကြောင်း ၎င်း၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်လွှင့်ခဲ့ပြီး ယင်း သည်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနှင့် ၎င်းကိုထောက်ခံအားပေးသူအချို့ကို အတင်းအကြပ် သို့မဟုတ် ငွေပေးကာ ဖျော်ဖြေရေးမဏ္ဍပ်များတွင် လူစည်ကားကြောင်း လိမ် လည်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

Facebook