Connect with us

Hi, what are you looking for?

LuduNwayOo

News

သင်္ကြန်ပွဲ​တော် လူထု၏ ဆန္ဒပြသပိတ်များက စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်သည်ကို ပြသနေခြင်းဟု SAC-M ထုတ်ပြန်

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများဆက်လက်ရှိနေသည့်တိုင် ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်ခုခံနေပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ်များချနေကြောင်း SAC-M က ဆိုသည်။

(ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်း လှည်းတန်းခုံးတံတားအောက်တွင် ယနေ့ (ဧပြီ ၁၅)သင်္ကြန်အကြတ်နေ့ ၌ ရန်ကုန်လူထုသပိတ်မှ လူငယ်များက အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆန္ဒပြခဲ့ကြသည်၊ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

မဟာသင်္ကြန်တွင် နိုင်ငံတဝန်းကြီးမားကျယ်ပြန့် သော သပိတ်ဆင်နွှဲများက စစ်အာဏာသိမ်းမှုအပေါ် မြန်မာပြည်သူလူထု၏ ခုခံတော်လှန်မှု အားကောင်းနေဆဲဖြစ်သည်ကို ပြသနေကြောင်း ကုလသမဂ္ဂကျွမ်းကျင်သူများအဖွဲ့ SAC-M က ယနေ့ထုတ်ပြန် သည်။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများဆက်လက်ရှိနေသည့်တိုင် ပြည်သူများက စစ်ကောင်စီကို ဆန့်ကျင်ခုခံနေပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ်များချနေကြောင်း SAC-M က ဆိုသည်။

“မြန်မာနိုင်ငံမှာ ကြီးမားကျယ်ပြန့်တဲ့နှစ်ကူးဆန္ဒပြသပိတ်တွေက ဒီမိုကရေစီနည်းကျခုခံမှု ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ ပြည်သူလူထုရဲ့ ကတိကဝတ်ကို အားကောင်းတဲ့သတင်းစကားအဖြစ် အသိပေးလိုက်ပါတယ်။ စစ်တပ်က အခြေအနေပုံမှန်ဖြစ်နေပါပြီလို့ ဖော်ပြလိုပေမယ့် မြန်မာပြည်သူတွေရဲ့ ဆန္ဒပြသပိတ်တွေက အဲဒီလိုမဟုတ်ပါဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြသလိုက်တာပါပဲ” ဟု SAC-M အဖွဲ့ဝင် Chris Sidoti က ပြောသည်။

မြန်မာတို့၏ ရိုးရာသင်္ကြန်ကာလတွင် လူမရှိသော လမ်းမများက စစ်တပ်ကို နိုင်ငံတဝန်းရှိ ပြည်သူလူထုက ဆန့်ကျင်ခုခံကြောင်းပြသသည့်လုပ်ရပ်ဖြစ်ကြောင်း SAC-M က ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူများ ပုံမှန်အတိုင်းလည်ပတ်နေပြီဖြစ်ကြောင်း ပြည်တွင်းရှိ ၎င်းကို ထောက်ခံသူများနှင့် နိုင်ငံတကာကို ပြသရန်ကြိုးစား ခဲ့သော်လည်း စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူလူထု၏ ညီညွတ်မှုဖြင့် သင်္ကြန်ကို ပါဝင် ဆင်နွှဲခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ကြသည်။

စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ ဖျော်ဖြေရေးမဏ္ဍပ်များဆောက်ကာ သင်္ကြန်စည်ကားကြောင်း ၎င်း၏ ဝါဒဖြန့်မီဒီယာများမှ ထုတ်လွှင့်ခဲ့ပြီး ယင်း သည်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနှင့် ၎င်းကိုထောက်ခံအားပေးသူအချို့ကို အတင်းအကြပ် သို့မဟုတ် ငွေပေးကာ ဖျော်ဖြေရေးမဏ္ဍပ်များတွင် လူစည်ကားကြောင်း လိမ် လည်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လိုင်းကားတစ်စီးပြီး တစ်စီးရောက်လာသော်လည်း လိုက်ပါသူမရှိသူမရှိ၍ ယခင်က ခရီးသည်များအဆင်း အတတ်နှင့် ဆူညံနေသည့် မှတ်တိုင်လေးမှာ ယနေ့နံနက်တွင်တော့ တိတ်ဆိတ်နေသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

နိုင်ငံတကာ

နိုက်ဂျားဟာ နှစ်အနည်းငယ်လောက် ကာလအတွင်းမှာ စစ်တပ် အာဏာသိမ်းမှုအောက် ကျရောက်သွားတဲ့ နောက်ဆုံး အနောက်အာဖရိက နိုင်ငံအဖြစ် မှတ်တမ်းဝင်လာပါတယ်။ မကြာသေးခင်ကလည်း မာလီ၊ ဘာကီနာဖာဆိုနဲ့ အီကွေတိုရီရယ်လ် ဂီနီရာ နိုင်ငံတွေမှာ စစ်တပ်တွေက အသီးသီး အာဏာသိမ်းခဲ့ကြပါတယ်။

သတင်း

ဘိန်းအများဆုံးစိုက်ပျိုး​သော​ဒေသမှ ရှမ်းပြည်နယ် ဖြစ်ပြီး စိုက်ပျိုးမှု အားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ့ရှိသည်။ရှမ်းပြည်နယ်ပြီးလျှင် ချင်းပြည်နယ်တွင် ၁၄ ရာခိုင်နှုန်း ၊ကယားပြည်နယ်တွင် ၁၁ ရာခိုင်နှုန်း ၊ကချင်ပြည်နယ်တွင် ၃ ရာခိုင်နှုန်း ဖြစ်​ကြောင်း UNODC က​ဖော်ပြသည်။