Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆေးမင်းတောရဲစခန်းတိုက်ခိုက်ခံရမှု ဒဏ်ရာရရဲများ ဆေးကုသမှုမရ၍ သွေးထွက်လွန်ပြီး နှစ်ဦးထပ်သေဟု ထီးလင်း YDFပြော

ဒဏ်ရာရသည့် ဗိုလ်ကြီးနေလင်းအောင်သည် ထွက်ပြေးသွားရာ ဒေသအခေါ် ဘုန်းကြီးကန်ရေစပ်၌ သေဆုံးလျက် တွေ့ရှိ၍ စစ်ကောင်စီတပ်က သယ်ဆောင်ကာ ထီးလင်း သုဿန်၌ မီးရှို့သင်္ဂြိုလ်ခဲ့သည်ဟု ထီးလင်း YDFက ထုတ်ပြန်ထားသည်။

(YDF ထီးလင်း ရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️ဒေသကာကွယ်ရေးတပ်များ ထိန်းချုပ်ထား၍ သေဆုံးရဲများကို (၁)မိုင်ခန့်သာဝေးသည့် သင်္ချိုင်းသို့ပင် မပို့ဆောင်ရဲဘဲ စခန်းအနီးမီးရှို့

▪️ရဲနှင့် စစ်သားများ အာဏာရူးမင်းအောင်လှိုင်အတွက် အသက်အသေမခံဘဲ ပြည်သူနှင့် ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ပြီး လက်နက်အပြည့်အစုံပါလျင် ကျပ်သိန်း ၅၀ ပေးမည်ဟုထတ်ပြန်

မကွေးတိုင်း ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကို ထီးလင်းမြို့နယ် ယောဒေသကာကွယ်ရေးတပ်(YDF)က သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ရာခဒဏ်ရာရရဲများမှာ ဆေးကုသမှုမရ၍ သွေးထွက်လွန်ပြီး နှစ်ဦးထပ်မံသေဆုံးသွားကြောင်း ထီးလင်း YDF က သတင်းထုတ်ပြန်သည်။

“သူတို့ ဆေးရုံဆေးခန်းသွားဖို့ဆိုတာကလည်း လမ်း ကြောင်းမှာ မသွားရဲဘူးလေ။ သူတို့ စိုးမိုးမှု မရှိဘူး PDFတွေ YDFတွေ အကုန်စိုးမိုးထားတာဆိုတော့ သွားလို့မရလို့ ဒီအတိုင်းပဲ နေတဲ့သဘော။ လမ်းကြောက ကျွန်တော်တို့ အကုန်စိုးမိုးထားတာ” ဟု YDFမှ သခင်ဟိန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဧပြီ ၁၆ရက်)နံနက်က ထီးလင်းမြို့နှင့် (၁၀)မိုင်​ကျော်သာဝေးသော ဆေးမင်းတောကျေးရွာရှိ ရဲစခန်းကို YDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲ၌ ဒဏ်ရာရရဲများကို မည်သည့်ဆရာဝန်၊သူနာပြုမှ လာရောက်မကု သပေးခြင်း၊ထီးလင်းဘက်ဂန့်ဂေါဘက်ဆေးရုံများသို့ မည်သည့်ရဲခွေး၊စစ်ခွေးမှ မပို့ဆောင်ပေးခြင်းများကြောင့် သွေးထွက်လွန်ကာသေဆုံးခဲ့ကြောင်း သိရှိရသည်ဟု ထီးလင်း YDFက ထုတ်ပြန်ဘသည်။

အဆိုပါရဲစခန်းနှင့် (၁၅)မိုင်ခန့်အကွာတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း ရှိသော်လည်း ဒဏ်ရာရရဲများ ဆေးကုသနိုင်ရေး မလုပ်ဆောင်ခဲ့ဟု ဆိုသည်။

ထို့ပြင် စုစုပေါင်းသေဆုံးခဲ့သည့် ရဲလေးဦးကို ရဲစခန်းနှင့် တစ်မိုင်ခန့်သာဝေးသော ဆေးမင်းတောသင်္ချိုင်းသို့ပင်မပို့ဆောင်ကြဘဲ စခန်းအရှေ့ဘက်ကပ်လျက်လယ်ကွင်းထဲတွင် ခွေးများ၊ဝက်များသဖွယ် ပြီးစလွယ်မီးပုံရှို့ခဲ့ကြသည်ဟု ထီးလင်း YDFက ထုတ်ပြန်သည်။

“စခန်းအရှေ့ဘက်က လယ်ပြင်မှာ ဒီအတိုင်းပဲ ပုံပြီးတော့ မီးရှို့လိုက်တယ် သူတို့။ အဲဒီနားက ပြည်သူတွေက သတင်းပေးတာပါ။ ကျွန်တော်တို့ မျက်မြင်တော့မဟုတ်ဘူးပေါ့” ဟု ထီးလင်းYDF မှ သခင်ဟိန်းက ပြောသည်။

ရဲနှင့် စစ်သားများအနေဖြင့် အာဏာရူးမင်းအောင်လှိုင် ၏အသက်၊အိုးအိမ်၊စည်းစိမ်ကိုကာကွယ်ရင်း ပြည်သူများ၏မုန်းတီးမှုကို ခါးစည်းခံမည့်အစား CDM လုပ်၍ပြည်သူ့ရင်ခွင်ခိုလှုံကာ တရားဓမ္မဘက်မှရပ်တည်ရန် အမှားကို မြင်၍ အမှန်ဘက် ရပ်တည်ရန် ထီးလင်း YDFက တိုက်တွန်းပြီး မည်သည့်ရဲသား၊စစ်သားကိုမဆို အချိန်မရွေး နွေးနွေးထွေးထွေးကြိုဆိုကာ လွတ်မြောက်နယ်မြေများသို့ တာဝန်ယူပို့ဆောင်ပေးနေကြောင်း အသိပေးသည်။

ထို့အပြင် လက်နက်၊ခဲယမ်း(Equipment)အပြည့်အစုံဖြင့်အလင်းဝင်လာပါက ဆုကြေးငွေကျပ်သိန်း(၅၀)ချီးမြှင့်သွားမည်ဟု ထီးလင်း YDFက ထုတ်ပြန်ခဲ့ပြီး CDM လုပ်လိုသူရဲသား၊စစ်သားများအနေဖြင့် 09-404418991၊ 09-449624480 သို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း ဖော်ပြထားသည်။

“ကျန်နေတဲ့ သူတွေအနေနဲ့ကတော့ သူတို့ဘက်က ဘယ်လိုမှ စိုးမိုးမှုမရှိတော့ဘူး အဲဒါကြောင့် ပြည်သူတွေဘက်မှာပဲ စိုးမိုးမှုရှိနေပြီ ပြည်သူတွေနဲ့အမြန်ဆုံးလက်တွဲပေးပါလို့ပဲပြောချင်ပါတယ်”ဟု YDF ပြောရေးဆိုခွင့် ရှိသူ သခင်ဟိန်းက ပြောသည်။

ထို့အပြင် ထီးလင်း YDF အနေဖြင့် ဧပြီ ၁၃ရက်ကလည်း ထီးလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ရာ မြို့နယ်​ရွေး​ကောက်ပွဲ ကော်မရှင်ရုံး၌ ပျော်ပွဲစားထွက်လာသော စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် နှစ်ဦးဒဏ်ရာရပြီး သုံးဦး ​သေဆုံးခဲ့သည်။

(YDF ထီးလင်း ရဲ​ဘော်များကို ​တွေ့ရစဥ်)

ဒဏ်ရာရသည့် ဗိုလ်ကြီးနေလင်းအောင်သည် ထွက်ပြေးသွားရာ ဒေသအခေါ် ဘုန်းကြီးကန်ရေစပ်၌ သေဆုံးလျက် တွေ့ရှိ၍ စစ်ကောင်စီတပ်က သယ်ဆောင်ကာ ထီးလင်း သုဿန်၌ မီးရှို့သင်္ဂြိုလ်ခဲ့သည်ဟု ထီးလင်း YDFက ထုတ်ပြန်ထားသည်။

ထိုသို့ ​သေနတ်ဒဏ်ရာဖြင့် ​သေဆုံးမှုကို ၎င်း၏ နာ​ရေးဖိတ်စာတွင် (၉၆)ပါး​သော ​ရောဂါဖြင့် သေဆုံးသွားသည်ဟု ​ရေးသားထားသည်ကို ​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။