Connect with us

Hi, what are you looking for?

News

ကျဆုံးသူရဲ​ကောင်းငါးဦးကို စစ်အခမ်းအနားဖြင့်သဂြိုလ်

မန္တလေး-မုံရွာလမ်းမပေါ်တွင် သပိတ်စစ်ကြောင်းအတွက် ကင်းပွိုင့်စောင့်ရင်း ပျူစောထီးတို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသည့် PDF ငါးဦးတို့၏ ရုပ်အလောင်းများအား ယနေ့ စစ်အခမ်းအနားဖြင့် သင်္ဂြိုလ်ခဲ့ကြသည်။

(ကျဆုံးသူရဲ​ကောင်းများကိုစစ်​ရေးအခမ်းအနားဖြင့်သဂြိုလ်စဥ်။ ဓာတ်ပုံ-CHUPDF)

မုံရွာပင်မသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ဧပြီ ၁၇ ရက်တွင် ပွိုင့်ကင်းစောင့်နေစဉ် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်များနှင့် လက်ပါးစေပျူ‌စောထီးသောင်းကျန်းသူများ၏ အင်အားအလုံးအရင်းဖြင့်ပိတ်ဆို့ဖမ်းဆီးခြင်းကိုခံရပြီး ပစ်ခတ်ခံရသဖြင့်ကျဆုံးခဲ့ရသောချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သူရဲကောင်းအာဇာနည်ရဲဘော် (၅) ဦး၏ ရုပ်ကလာပ်များကို ယ​​နေ့ စစ်အခမ်းအနားဖြင့်ကောင်းမွန်စွာ သင်္ဂြိုလ်ခဲ့​ကြောင်း သတင်းဓါတ်ပုံများနှင့်တကွထုတ်ပြန်သည်။

(ကျဆုံးသူရဲ​ကောင်းများကိုစစ်​ရေးအခမ်းအနားဖြင့်သဂြိုလ်စဥ်။ ဓာတ်ပုံ-CHUPDF)

“ရဲဘော်တို့ လွတ်မြောက်သွားကြပါပြီ ၊အေးချမ်းစွာ အနားယူကြပါတော့”ဟု ချောင်းဦးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ CHUPDF က​ရေးသားထားသည်။

ထိုအပြင် ဆရာကြီး မင်းသု၀ဏ်၏ ကဗျာစာသားဖြစ်​သော “ယမ်းငွေ့အူအူ တလူလူနှင့် မေးမြူကြတုန်း အနောက်ကုန်းတွင် နေလုံးကွယ်ချေပြီ တကား” ဟုကျဆုံးသူရဲ​ကောင်းများကိုဂုဏ်ပြု၍​ကောက်နှုတ်​ဖော်ပြထားသည်ကိုလည်း​ တွေ့ရသည်။

အဆိုပါသတင်းထုတ်ပြန်ချက်​အောက်တွင်ပြည်သူများကလည်းကျဆုံးသူရဲ​ကောင်းများအတွက် ဝမ်းနည်း​ကြောင်း၊​ဂုဏ်ယူ​ကြောင်းစသဖြင့်အသီးသီး​ရေးသားကြသည်။

Public Service Announcement

Public Service Announcement

“ရဲဘော်တို့က ပြည်သူတွေအတွက် ထာဝရသူရဲကောင်းတွေပါ ရင်ထဲမှာရဲဘော်တို့ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ ချစ်ခင်တဲ့စိတ် ဒီမိုကရေစီကို လိုလားတဲ့စိတ် အမှန်တရားကို မြတ်နိုးပီး မြန်မာနိုင်ငံအပေါ်ကို ချစ်မြတ်နိုးတဲ့ ရဲဘော်တို့ရဲ့ ရဲစွမ်းသတ္တိကို အစဥ်လေးစားဦးညွန့်လျက်ပါ”ဟုပြည်သူတစ်ဦးက​ရေးသားဂုဏ်ပြုသည်။

(ကျဆုံးသူရဲ​ကောင်းများကိုစစ်​ရေးအခမ်းအနားဖြင့်သဂြိုလ်စဥ်။ ဓာတ်ပုံ-CHUPDF)

အခြားစာဖတ်သူတစ်ဦးကလည်း”လွတ်လပ်စွာအနားယူကြပါတော့ ကျန်နေတဲ့တိုက်ပွဲငါတို့နွှဲမယ်ရဲဘော်တို့”ဟုမှတ်ချက်​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။

သတင်း

96 Soldiers - PDFအညာဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ခွဲမှူး ရဲဘော်ဝေဖြိုးအောင် (ခေါ်)တစ်ဆယ်သည် မတ်လ ၁၁ရက်က စစ်ဆင်ရေးတစ်နေရာတွင် မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ယနေ့(မတ်လ ၁၁ရက်) အသိပေးထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာရှိ စစ်ကောင်စီနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဥ် ရဲဘော်တစ်ဦးထိမှန်သွားသည်ကို ကယ်ထုတ်ရာ ကျည်ထိမှန်၍ တပ်ရင်းမှူးဖြစ်သူ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းမှ ဆရာကျောင်း ကျဆုံးသွားကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များထံမှ သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် စစ်ကောင်စီတ​ပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သတင်းရရှိသည်။