Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ် ယနေ့ ထပ်မံမီးရှို့

မီးရှို့ခံရသည့် ကျေးရွာများမှာ ကင်းမရွာနှင့် ချောင်ဆုံရွာတို့ဖြစ်ပြီး ကင်းမရွာသည် တတိယအကြိမ် မြောက် မီးရှို့ခံရသည့် ​ကျေးရွာဖြစ်သည်။

(​မိုးရွာ၍ အခက်အခဲဖြစ်​နေကြ​သော ပေါက်မြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️ယနေ့ မိုးရွာ၍ နေအိမ်မီးရှို့ခံရသည့် ကျေးရွာများမှ စစ်ရှောင်များ အခက်အခဲကြုံ​နေ

▪️ပေါက်မြို့နယ် ပုသိမ် -မုံရွာလမ်းပိုင်း ယနေ့ညနေမှစ၍ ဖြတ်သန်းခြင်းမပြုရန် PDFတပ်ရင်း(၂) သတိ​ပေး

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာ နှစ်ရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မီးရှို့ခံရသည့် ကျေးရွာများမှာ ကင်းမရွာနှင့် ချောင်ဆုံရွာတို့ဖြစ်ပြီး ကင်းမရွာသည် တတိယအကြိမ် မြောက် မီးရှို့ခံရသည့် ​ကျေးရွာဖြစ်သည်။

Public Service Announcement

Public Service Announcement

(​မိုးရွာ၍ အခက်အခဲဖြစ်​နေကြ​သော ပေါက်မြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“မနက်က ကင်းမကို မီးရှို့တာ။ အခု ည ၇နာရီ ၄၀မှာတော့ ချောင်းဆုံရွာကို မီးရှို့တာ။ ချောင်းဆုံက ကင်းမရွာရဲ့အရှေ့ဘက်က။ တောင်ပိုင်းမှာ အရှို့မခံရတဲ့ရွာဆိုလို့ တစ်ရွာလောက်ပဲကျန်တော့တယ်။ သူတို့ဆက်တိုက်ရှို့နေတာ ၁၄ရွာ၊ ၁၅ရွာလောက်ရှိပြီ”ဟု ဒေသခံက ပြော သည်။

ယခု ဝင်လာသည့် စစ်ကောင်စီတပ်သည် ​ကျေးရွာများကိုသာမက တောထဲရှိ တဲများကိုပါ မီးရှို့ခဲ့၍ ယနေ့မိုးရွာသည့်အခါတွင် ဒေသခံများ အခက်အခဲများစွာကြုံခဲ့ရသည်ဟု ဆိုသည်။

(​မိုးရွာ၍ အခက်အခဲဖြစ်​နေကြ​သော ပေါက်မြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“ဒီနေ့ရွာတာ။ ပေါက်တောင်ပိုင်းက မီးရှို့ခံရတဲ့ရွာတွေပေါ့။ မိုးသီးတွေလည်းကျတယ်။ ကျောက်အိုးရွာ ဆိုရင်တောထဲမှာ နေတဲ့တဲတွေကိုပါမီးရှို့သွားတော့သူတို့ကမိုးကာတွေနဲ့ မိုးက မလုံတော့ဘူး။ အခုကတော့ တိတ်သွားပြီ ညနေကတော့ မိုးကတော်တော်ရွာလိုက်တယ်” ဟု ဒေသခံက ပြောသည်။

ကျေးရွာအများအပြား မီးရှို့ခံရပြီး ကျေးရွာပေါင်းများစွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရ၍ စစ်ရှောင်အရေအတွက်ကိုမှု လတ်တလော မခန့်မှန်းနိုင်သေးဟု ဆိုသည်။ လက်ရှိတွင် စားနပ်ရိက္ခာ အခက်အခဲနှင့် လူသုံးကုန်များ၊ မိုးကာများ အရေးပေါ် အကူအညီလိုအပ်လျက်ရှိကြောင်း ဒေသခံက ပြောသည်။

(​မိုးရွာ၍ အခက်အခဲဖြစ်​နေကြ​သော ပေါက်မြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများအား ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်သို့ ဧပြီ ၇ရက်မှစ၍ စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူလူထုများကို ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ရာ ရွာပေါင်း ၁၅ရွာထက်မနည်းမီးရှို့ခံခဲ့ရပြီး ပြည်သူ ၁၉ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြရသည်ဟုဆိုသည်။

ပေါက်တောင်ပိုင်းဒေသ၌ စစ်ကောင်စီတပ်များကို ဒေသကာကွယ်ရေးတပ်များက ရရာလက်နက်စွဲကိုင်ခုခံလျက်ရှိရာ စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၂) တပ်ရင်းက ယနေ့တွင် အရေးပေါ်အသိပေးချက် ထုတ်ပြန်ခဲ့ရာ ပေါက်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းပိုင်းကို ယနေ့ ညနေ ၆နာရီခွဲမှစ၍ မည်သည့်ယာဉ်မှ လုံး၀ ဖြတ်သန်းသွားလာခြင်းမပြုရန် နှိုးဆော်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။