Connect with us

Hi, what are you looking for?

News

ဗကသကျောင်းသူ မအေးနန္ဒာစိုး ဖမ်းဆီးခံရပြီး (၇)လ ကြာသည်အထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေ

လက်ရှိတွင် ဖမ်းဆီးခံမအေးနန္ဒာစိုး၏ အသက်အန္တရာယ်အတွက် များစွာ စိုးရိမ်နေရပြီး သက်ရှိထင်ရှား ရှိ၊ မရှိကိုပင်တိကျစွာ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဓာတ်ပုံ - ABFSU

▪️အသက်အန္တရာယ်အတွက် များစွာစိုးရိမ်နေရဟုဆို

အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မဖမ်းဆီးခြင်းခံရသည့် စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဥက္ကဌဖြစ်သူ မအေးနန္ဒာစိုးသည် ဖမ်းဆီးခံရချိန် (၇)လပြည့်သည်အထိ အဆက်အသွယ်မရ ဖြစ်နေပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားရှိသည်ကိုပင်မသိရှိရဘဲ ပျောက်ဆုံးနေကြောင်း ဗကသများ အဖွဲ့ချုပ်က ယနေ့ (ဧပြီ ၁၉)ထုတ်ပြန်သည်။

မအေးနန္ဒာစိုးသည် ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ခရီးသွားစဥ် စစ်ကောင်စီဝင်များ၏ အဓမ္မ ဖမ်းဆီးခံခြင်းကိုခံခဲ့ရခြင်း ဖြစ်သည်။

“ရဲဘော်အေးနန္ဒာစိုး ဖမ်းဆီးခံလိုက်ရချိန်ကစပြီး ကျွန်​တော်တို့ တောက်လျှောက်စုံစမ်းတယ်။ ဖမ်းဆီးပြီးရက် အတော်ကြာတော့ တပ်မ(၃၃)ကနေ မန္တလေး နန်းတွင်းစစ်ကြောရေးမှာ ရှိနေတယ်လို့ သိရတယ်။ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ရဲ့ငရဲခန်းတခုလိုဆိုးဝါးနှိပ်စက်လျက်ရှိတဲ့ အဲဒီနန်းတွင်းစစ်ကြောရေးမှာ လအတော်ကြာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ လုံလောက်တဲ့ဆေးကုသခွင့်မရတဲ့အကြောင်းတွေ ပြန်သိခဲ့ရတာမျိုးရှိခဲ့တယ်။ ဒါတွေကလည်း စစ်ကြောရေးမှာ လအတော်ကြာအတူနေခဲ့ရပြီး ထောင်ရောက်ရှိသွားတဲ့ ရဲဘော်တွေကတဆင့်သိရတာမျိုး ဖြစ်တယ်”ဟု မအေးနန္ဒာစိုး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေမှုအပေါ် လိုက်လံစုံစမ်း​နေသူ ဗကသများအဖွဲ့ချုပ် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် ၂၀၂၂ ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ နောက်ပိုင်းကာလများ၌ မအေးန္ဒာစိုး ရောက်ရှိနေသည့် နေရာနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီး (အိုးဘိုအကျဥ်းထောင်သို့မပို့ဘဲ) မည်သည့်နေရာကို ပို့ဆောင်လိုက်သည်ကိုပါ မသိရှိရကြောင်း စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံမအေးနန္ဒာစိုး၏ အသက်အန္တရာယ်အတွက် များစွာ စိုးရိမ်နေရပြီး သက်ရှိထင်ရှား ရှိ၊ မရှိကိုပင်တိကျစွာ မသိရှိရသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုသို့ (၇)လကြာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးပျောက်ဆုံးနေသည့် အသက်၂၃နှစ်အရွယ် ဗကသကျောင်းသူ မအေးနန္ဒာစိုး၏ အသက်အန္တရာယ်လုံခြုံရေးနှင့် အဆက်သွယ် တစ်စုံတစ်ရာရရှိစေရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူ့ရှေ့နေအဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့အစည်းများမှလည်း တတ်နိုင်သည့်ဖက်မှ ဝိုင်းဝန်းကူညီပေးကြပါရန်လည်း ဗကသများအဖွဲ့ချုပ်က တိုက်တွန်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။